“စစ်ခေါင်းဆောင် တရုတ်ခရီးစဉ် ဘယ်လိုအပြောင်းအလဲတွေ ဖော်နိုင်မလဲ”

RFA Burmese
2024.11.08

ပြည်တွင်းမှာ စစ်ရေးအရ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး တရုတ်-မြန်မာနယ်စပ်မြို့တွေကို လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီကို တရုတ်အစိုးရက မဟာမဲခေါင်ဒေသခွဲနိုင်ငံခေါင်းဆောင်တွေနဲ့ အစည်းအဝေးတက်ဖို့ ကူမင်းမြို့ကို ဖိတ်ခေါ်လိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ခံအားပေးရပ်တည်နေပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ပွဲတွေရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတဲ့ တရုတ်အစိုးရက မြန်မာပြည်တွင်းရေးမှာ ဘယ်လိုအခင်းအကျင်းအသစ်တွေ ဖော်လာမလဲ။ စစ်ကောင်စီအတွက် ဒီခရီးစဉ်က ဘယ်လိုအကျိုးအမြတ်တွေရလာမလဲ။ ဒီခရီးစဉ်အပြီးမှာ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာမလားဆိုတာ ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော၊ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။