"မြန်မာ့အရေး တရုတ်ကြားဝင်ဖို့ ဘာ့ကြောင့် MNDAA တောင်းဆိုသလဲ"

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2024.09.27

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ထဲမှာပါဝင်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်ကို ပြီးခဲ့တဲ့သီတင်းပတ်တွေက ထွက်ပေါ်လာခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက် နေ့စွဲနဲ့ MNDAA ရဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ သူတို့အနေနဲ့ နိုင်ငံတော်က ခွဲထွက်မှာမဟုတ်သလို နိုင်ငံသစ်ထူထောင်တာလဲ လုပ်မှာမဟုတ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းတာ လုံးဝပြုလုပ်မှာ မဟုတ်ကြောင်း ပြောဆိုထားတဲ့ အပြင် လက်ရှိ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံအခြေအနေကို တရုတ်နိုင်ငံက ကြားဝင် စေ့စပ် ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကတော့ MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် သုံးဖွဲ့က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး မြန်မာပြည်သူတစ်ရပ်လုံးလိုလားတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး အတူတကွ ပူးပေါင်းပါဝင်သွားမယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ အခု MNDAA က ဘာ့ကြောင့် ဒီကြေညာချက် ထုတ်ပြန်ခဲ့တာပါလဲ။ ဒီလိုထုတ်ပြန်ရခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ။ ကျန်တဲ့ TNLA နဲ့ AA ရဲ့ သဘောထားက ဘယ်လိုရှိနိုင်ပါလဲ။ ဒီအကြောင်းတွေကို ကြားရမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ တရုတ် - မြန်မာအရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။