သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-25
ကျောက်ဖြူမြို့မှာ ရေလမ်းနဲ့ ကုန်းလမ်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်လိုက်တာကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-11-25
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တရုတ်-မြန်မာနယ်စပ်တစ်လျှောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ စတင်လာတာပါ။
2023-11-25
ရေဦးမြို့နယ် အောင်သာယာရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ပျူစောထီးခြောက်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2023-11-25
ရသေ့တောင်မြို့နယ်မှာရှိတဲ့ လိုင်ဂွင်ရွာထဲကို နိုဝင်ဘာလ ၂၄ ရက် မနေ့ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-11-24
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
2023-11-24
တောင်တရုတ်ပင်လယ်ထဲက Second Thomas ကျွန်းမှာ ကမ်းကပ်ထားတဲ့ ဖိလစ်ပိုင်ရေတပ်ရဲ့ BRP Sierra Madre သင်္ဘောပေါ်က စစ်သားတွေအတွက် ရိက္ခာပို့တဲ့လမ်းမှာ တရုတ်ကမ်းစောင့်တပ်သင်္ဘောတွေက ပိတ်ဆို့လို့ နှစ်ဖက်တင်းမာတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
2023-11-24
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးမယ့် သတင်းထွက်နေလို့ အဲဒီက ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားပါတယ်။
2023-11-24
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် သဘောထားပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
2023-11-24
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2023-11-24
ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့ ညက လူ ရှစ်ဦးသတ်ဖြတ် ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-24
သိန္နီမြို့နယ်က နမ့်စလပ်တောင်ကုန်းစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး လေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်ပါတယ်။
2023-11-24
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးက ဒေသခံတွေကို ညတွင်းချင်း ရွှေ့ပေးဖို့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) တို့က ပြောဆိုလာတာကြောင့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-11-24
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသိန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ UN OCHA က နိုဝင်ဘာ ၂၃ က ထုတ်ပြန်ပါတယ်။
2023-11-24
ကယားပြည်နယ်တိုက်ပွဲအတွင်းမှ ကယ်ထုတ်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်များကို နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ IEC က ဒီနေ့ ထုတ်ပြန်ပါတယ်။
2023-11-24
စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၃၀၀ ဝန်းကျင် ရိက္ခာပြတ်လပ်နေပြီး အများစုက ဆန်ပြုတ်သောက်နေရတယ်လို့ ပြောပါတယ်။