သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-26
ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ အရာရှိတစ်ဦးနဲ့ သူ့ကို လုံခြုံရေးယူပေးနေတဲ့ ရဲတပ်သားနှစ်ဦး စက်တင်ဘာ ၂၅ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-26
စစ်ကောင်စီကို အရေးယူနိုင်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၂၅ ရက်က တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
2023-09-26
ဘူးသီးတောင်မြို့နယ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ နာမည်ပေးထားတဲ့ (ARSA) အဖွဲ့ရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-26
ချင်းပြည်နယ်မှာ စစ်ကောင်စီကို ခုခံတော်လှန်ရေးစတင်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း သေဆုံးရတဲ့ တော်လှန်ရေးတပ်သား ၂၆၀ လောက်ရှိနေပြီလို့ အဖွဲ့အသီးသီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
2023-09-25
ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ကြေညာထားပြီး ဒီလိုအခွန်ကောက်တာကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။
2023-09-25
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံနေကြသူတွေဘက်မှာ ဒရုန်းအသုံးပြုမှု အားသာလာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။
2023-09-25
မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ အွန်လိုင်းကနေ လိမ်လည်လှည့်ဖြားတဲ့ အလုပ်တွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းခံနေရတဲ့ မလေးရှားနိုင်ငံသား ရှစ်ဦးကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
2023-09-25
သူ့ရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးဖို့ ရဲချုပ်က အစပိုင်းမှာ ငြင်းဆန်ခဲ့ပြီး CIBB ကော်မရှင်နာ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ရောက်လာမှ နေအိမ်ကို ဝင်ရောက်စစ်ဆေးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
2023-09-25
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာမှာ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို စစ်ကောင်စီက အစားထိုးခန့်လိုက်ပါတယ်။
2023-09-25
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကြောင့် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေဟာ အစားအသောက်တွေ အခမဲ့ဝေငှပေးတဲ့ ဒါမှမဟုတ် ဈေးလျော့ရောင်းပေးတဲ့ နေရာတွေကိုလာပြီး တိုးဝှေ့တန်းစီနေကြတာကို မကြာခဏ တွေ့လာရပါတယ်။
2023-09-25
ရေဦးနဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ က အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-09-25
အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်ရိုးကို အရေးပေါ်ကာရံဖို့ ကြိုးစားတဲ့ မဏိပူရ်ပြည်နယ်အစိုးရရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တားဆီးဖို့ ဖြစ်ပြီး၊ နယ်စပ်လက်နက် မှောင်ခိုမှုတွေကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2023-09-25
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိပေးဖို့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန်းပိုင်းကစလို့ ဆက်တိုက် ဆန္ဒပြတောင်းဆိုနေပါတယ်။
2023-09-25
ဖားကန့်မြို့နယ်၊ မဂေါင်းတောင်ရွာမှာ သတ်ဖြတ်ခံရလိုက်ရတဲ့ အရပ်သား ကိုးဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်တွေနဲ့ ဒေသခံတွေက မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွရွာမှာ ဆုတောင်းပွဲလုပ်ခဲ့ပါတယ်။
2023-09-25
ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနဲ့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။