သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-14
အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာနိုင်ငံနဲ့ ဟာဝိုင်ယီကျွန်းက အမေရိ ကန်ရေတပ်ဖွဲ့ဌာနချုပ်တို့ကို ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
2016-01-14
နေပြည်တော်မှာ ဒီကနေ့ တတိယနေ့အဖြစ်ဆက်လက်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုသွားဖို့အတွက် ကဏ္ဍ ၅ ခုကို စတင်ဆွေးနွေးနိုင်ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးအတန်းအရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။
2016-01-14
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ အတိုက်အခံပါတီတစ်ခုအနေနဲ့ အစိုးရသစ်နဲ့အတူ လွှတ်တော်သစ်တွေအတွက် စောင့်ကြည့်တိုက်တွန်းတဲ့ ပါတီတစ်ခုအဖြစ်ရပ်တည်ဖို့လိုမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အငြိမ်းစားဗိုလ်မှူးကြီး) ဦးတင်မောင်ဦးက ပြောကြားလိုက်ပါတယ်
2016-01-14
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့အကြား အခုရက်ပိုင်း အတွင်း နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2016-01-14
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်မှာ ကျူးကျော်နေထိုင်တဲ့ တဲအိမ် အလုံးရေ တစ်ထောင်ကျော်ကို သုံးရက်အတွင်းဖယ် ရှားပေးဖို့ ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2016-01-14
ရန်ကုန်၊ မန္တလေး၊ ကရင်၊ တနသာၤရီ၊ မွန် စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
2016-01-14
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်ကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ လယ်ယာမြေ သိမ်းဆည်း ခံရပြီး လျော်ကြေးမယူသေးတဲ့ တောင်သူ၂ဝဝ ကျော်က မနှစ်က သီးနှံလျော်ကြေး တစ်နှစ်စာပေးပြီး ဒီနှစ်အတွက် သီးနှံလျော်ကြေး မပေးတာကြောင့် ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြခဲ့ကြပါတယ်။
2016-01-14
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်ခင်အယူခံဝင် သွားမယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ ဝင်တွေက ပြောပါတယ်။
2016-01-14
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရှင်တွေကနေ အချက်အလက်နဲ့ အကြံပြု ချက်တွေပေးကြဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာဥပဒေကို အမျိုးသားလွှတ်တော် မှာဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သမ္မတထမ်းဆောင် ခဲ့သူတွေအတွက် ဒီဥပဒေလိုအပ်တယ်ဆိုပေမယ့် သမ္မတကို ဥပဒေရဲ့အထက်မှာ ပုံဖော်တာမျိုး မဖြစ်စေဖို့ သတိထားရမှာဖြစ်တယ် လို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2016-01-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီးဒေသတစ်ဝိုက်က ဘိန်းစိုက်ခင်းတွေကို မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ရက်ပိုင်းက ဘိန်းခင်း ဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၄ ဦး ဆွေးနွေးခဲ့ပါတယ်။
2016-01-14
ရန်ကုန်မြို့မှာ မနေ့ညတုန်းက ပြင်းအား ၄.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွှေ့ကြောနဲ့ ဆက်စပ်တယ်လို့ မိုးလေ ဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန် ပါတယ်။
2016-01-14
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာနားက ရာဇဌာနေ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ မနေ့က ည ၁ဝ နာရီခွဲလောက်မှာ ပြိုကျခဲ့တဲ့အတွက် ညပိုင်းမှာ ရေမဆေးကျောက်ရှာဖွေနေသူ အယောက် ၄ဝ လောက် မြေစာပုံပိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
2016-01-14
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဟာ မြို့မိမြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနှေးယာဉ်လုပ်သားတွေ စတဲ့နယ်ပယ်ပေါင်းစုံက ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ဒေသခံတွေရဲ့ အကြံပြုချက်တွေကို စုဆောင်းခဲ့ကြတယ်လို့ သိရပါတယ်။