သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-03
ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ထံ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကို စက်တင်ဘာ ၃ ရက်နေ့မှာ အာဏာပိုင်တွေက ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုထားတယ်လို့ ကော့သောင်းဒေသခံတွေက ပြောပါတယ်။
2024-09-03
TNLA နဲ့ မဟာမိတ်အဖွဲ့တွေ တစ်လကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲမြို့မှာ မြို့ခံတချို့ နေရပ်ပြန်နေကြပေမဲ့ မြို့အတွင်းပိုင်းမှာတော့ ခြောက်ကပ်နေဆဲ ဖြစ်ပါတယ်။
2024-09-03
စစ်တွေမြို့အနီးက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းနေချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
2024-09-03
ဧကျုံပျော်မြို့နယ်ထဲမှာ သြဂုတ်လ တစ်လအတွင်း ဒေသခံတွေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးတိမ်းရှောင်လာသူ အမျိုးသားကိုးဆယ်ခန့်ကို စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။
2024-09-03
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်ဦးဟာ စက်တင်ဘာလ ၁ ရက်နေ့ကဖွင့်တဲ့ ဘတ် ခြောက်သန်း ထိုင်းအစိုးရထီ ပေါက်ခဲ့ပါတယ်။
2024-09-03
နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးက အမှတ်-၉၀၂ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-03
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့အတွက် လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းက စက်တင်ဘာ ၂ ရက်နေ့က ဖော်ပြပါတယ်။
2024-09-03
ရွှေတြိဂံစီးပွားရေးဇုန်အနီး မဲခေါင်မြစ်ထဲမှာ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက မြန်မာအလုပ်သမား လေးဆယ်နီးပါး လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်လို့ ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ လာအိုရောက် မြန်မာတွေက RFA ကို ပြောပါတယ်။
2024-09-03
စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ကလေးခြောက်ရာကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-09-03
မန္တလေးမြို့က စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ထားတဲ့ နန်းတွင်းနေရာနဲ့ လူနေရပ်ကွက်ထဲက နေရာသုံးနေရာခန့်ကို ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
2024-09-03
မလေးရှားနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူတာ၊ အလုပ်အကိုင်ရှားပါးလာတာ စတဲ့ အခက်အခဲမျိုးစုံကြုံနေရပြီး သူတို့ရဲ့ တတိယနိုင်ငံအိပ်မက် အလှမ်းဝေးနေတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။
2024-09-03
ထီးချိုင့်မြို့နယ်က မောင်းကုန်းရွာဈေးအနီးကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိလာပြီး ဒဏ်ရာရသူက ဆယ်ဦးရှိတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
2024-09-02
သထုံမြို့အနီး ကမာစိုင်ရွာ (ကွက်သစ်) ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်မှာ စက်တင်ဘာ ၁ ရက်နေ့ ညက ခရီးသည်တင်ယာဥ် မိုင်းဆွဲခံရပြီး အရပ်သားနှစ်ဦး သေဆုံးသွားပါတယ်။
2024-09-02
ဩဂုတ်လ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2024-09-02
မဲဆောက်ခရိုင်၊ ကီးမိုင်းကျေးရွာအနီးကို နယ်ခြားစောင့်ရဲနဲ့ ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကင်းလှည့်ချိန် အဲဒီထိုင်းအမျိုးသားကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။