သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-28
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာ ချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တဲ့ အတွက်ကြောင့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃၀၀ နီးပါးလောက်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2016-04-28
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည် နဲ့ ခေါ်ပါလို့ တောင်းဆိုတဲ့အတိုင်း အသိ အမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။
2016-04-28
ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေ သိမ်းဆည်းမှုကိစ္စတွေကို ကွင်းဆင်းလေ့ လာဖြေရှင်းပြီး၊ ပြည်သူတွေရဲ့ တိုင်ကြားစာတွေ ကိုလည်း သေသေချာချာလေ့လာပြီး ဆောင် ရွက်ပေးသွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ က RFA ကို ပြောပါတယ်။
2016-04-28
မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဧရာဝတီမြစ်ကျိုးအင်းတွေကို အများလုပ်ပိုင်ခွင့်ရှိတဲ့ "ဘုံ" အင်းတွေအဖြစ် သတ်မှတ်ပေးဖို့ မြင်းခြံမြို့နယ်က ဒေသခံရေလုပ်သားတွေ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်
2016-04-28
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ယာဉ်တိုက်မိပြီး သေဆုံးသူ များပြားသလို တရားခံမပေါ်ဘဲ အသက်ဆုံးရှုံးရတာတွေလည်းရှိနေပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။
2016-04-28
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကန့်ကွက်ကြောင်း ကျောက်တော်မြို့က ဒေသခံတွေ ဧပြီလ ၂ရရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-04-28
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန် ယူထားပြီဖြစ်ပါတယ်။
2016-04-27
ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ အနားပေးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ ပါတီဝင်ဟောင်းတချို့ဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-04-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပါတယ်။
2016-04-27
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ် ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးတို့ရဲ့ ဒီအန်အေ ကို ပြန်လည်စစ်ဆေးပေးဖို့ လာမယ့် မေလ ၂၃ ရက်နေ့ ဘန်ကောက်မြို့က အယူခံတရားရုံးမှာ တင်ပြမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူး အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
2016-04-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကန့်ကွက်ကြောင်း ကျောက်တော်မြို့မှာ လူပေါင်း ၁၅၀၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-27
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပါတယ်။
2016-04-27
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဥပဒေပညာရှင်တွေဟာ ဒီနေ့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တရားရုံးတွေစောင့်ကြည့်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
2016-04-27
ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ အနားပေးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ ပါတီဝင်ဟောင်းတချို့ဟာ ဒီနေ့ နေပြည်တော်က ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-04-27
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ခရစ်ယာန်ကျောင်းနဲ့ ဗလီကျောင်းတွေနား မြိုင်ကြီးငူဆရာတော် စေတီတွေ လိုက်တည်နေတာနဲ့ ပတ်သက်လို့ ဘာသာရေးပဋိပက္ခတွေ မဖြစ်အောင် ကရင်ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။