သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-21
နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တရက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့ လူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် မိန့်ခွန်းကို တင်ပြထားပါသည်။
2010-11-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေအတွက် မနေ့ညက ဧည့်စာရင်း သွားရောက်တိုင်ကြားခဲ့တာကို အာဏာပိုင်တွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
2010-11-21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Eris ကို ခုချိန်ထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးတာ ဟာ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ရုံသာမက မြန်မာ့နိုင်ငံရေးတိုးတက်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက် တွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2010-11-21
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ အပြီး မြန်မာ့ နိုင်ငံရေးအခြေအနေ ပြန်လည် အသက်ဝင်လာသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားနိုင်ဖို့ စဉ်းစားမယ့်အကြောင်း ပါဝင်ခဲ့တဲ့အတွက် အနာဂတ်နိုင်ငံရေး ကောင်းမွန်လာ တော့မယ်လို့ မျှော်လင့်သူတွေ များလာကြောင်း လေ့လာသူတွေက ဆိုပါတယ်။
2010-11-21
မြန်မာစစ်အစိုးရ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားတာကို လေးစားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပန်ကြားလိုက်ပါတယ်။
2010-11-21
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ ရှေ့အလားအလာတွေကို ဆွေးနွေးထားကြပါတယ်။
2010-11-21
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ကျင်းပ မယ့် လူငယ်အစည်းအဝေး တက်ရောက်ဖို့အတွက် ပြည်နယ်နဲ့တိုင်း အသီးသီးက လူငယ် ၁ ရာကျော် ဒီကနေ့ ရန်ကုန်ကို ရောက်လာတယ်လို့ သိရပါတယ်။
2010-11-21
နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တရက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့ လူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် မိန့်ခွန်းကို တင်ပြထားပါသည်။
2010-11-21
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးက သတ်မှတ်ထားထာထက် ပိုမို ဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ် နှစ်စောင်ကို မနေ့က နေပြည်တော်အမိန်နဲ့ ဆိုပြီး သက်ဆိုင်ရာက သီတင်းသုံးပတ်စီ ရပ်နားခိုင်းလိုက်တယ်လို့ ဂျာနယ် တာဝန်ခံတွေက အာအက်ဖ်အေကို ပြောပါတယ်။
2010-11-20
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို အာဏာပိုင်တွေက ပိတ်ဖို့ ကြိုးစားနေဆဲမှာပဲ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်း ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ဂေဟာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
2010-11-20
အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်။
2010-11-20
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ရက် ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်း ဆက်သတဲ့ စာတစောင် ပေးပို့ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားပါတယ်။
2010-11-20
မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကို ထောက်ခံမယ်၊ စစ်အစိုးရနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2010-11-20
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာဟာ ကောင်းမွန်တဲ့ ကိစ္စတရပ် ဖြစ်ပေမယ့် အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ အကောင်းတွေကိုသာ ရွေးကြည့်ပြီး မဆွေးနွေးစေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2010-11-19
အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။