သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-01
ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချတာဟာ ဥပဒေနဲ့ လုံးဝညီညွတ်ခြင်းမရှိကြောင်းနဲ့ အမှုတွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ရာမှာ အာဏာပိုင်တွေဘက်က ကြိုတင်ကြံစည်ခဲ့တာ တွေ့ရတယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
2018-12-01
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေတဲ့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တေ့ွဆုံဆွေးနွေးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2018-12-01
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့အတွက် ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2018-12-01
အမေရိကန်အစိုးရရဲ့ “အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာသတင်းမီဒီယာများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (USAGM)” က စွမ်းဆောင်ရည်ရှိတဲ့ သတင်းထောက်တွေကို ချီးမြှင့်တဲ့ David Burke ဂုဏ်ပြုဆုကို RFA မြန်မာဌာနက လားရှိုး အခြေစိုက် သတင်းထောက် ကိုကံသာ ကို ဒီနှစ်အတွက် ရွေးချယ်ဆုချီးမြှင့်လိုက်ပါတယ်။
2018-12-01
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အသံအဖွဲ့ တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခကို နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက Human Rights Tulip Myanmar 2018 ဆုကို ချီးမြှင့်လိုက်ပါတယ်။
2018-12-01
၂ဝ၁၈ ဒီဇင်ဘာလ ၁ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " တစ်လင်တစ်မယားဥပဒေ ပြင်သင့်မပြင်သင့် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။