သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-01
ကယားပြည်နယ်မှာ မေလ ၃၁ ရက် မနေ့က စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်လို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးရပါတယ်။
2021-06-01
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ နယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ကျီခါးမြို့ တို့မှာ မေလ ၃၁ ရက် မနေ့က ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၈၂ ဦး အထိရှိလာပြီး ကိုဗစ်ရောဂါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း မေလ ၃၀ ရက်နေ့ ညပိုင်းက သေဆုံး ခဲ့ပါတယ်။
2021-06-01
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ (၁၀)မိုင်အကွာ၊ ရွှေညောင်ပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ (၃၂၁)က စစ်သားတွေက၊ မိုးမောက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူညီတဲ့ ဆရာဝန် သုံးယောက်နဲ့ အရပ်သားနှစ်ယောက်ကို မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ အဖမ်းဆီးခံရသူတစ်ဦးရဲ့ မိခင်က RFA ကို ပြောပါတယ်။
2021-06-01
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပိ(ခ)ဦးတင်စိုး ကို မနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အမည်မသိ လက်နက် ကိုင်ဆောင်သူနှစ်ဦးက သေနတ်နဲ့ ရှစ်ချက်လောက် ပစ်သတ်သွားတယ်လို့ ဒေသခံ တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2021-06-01
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်းမသိရဘဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။