သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-01
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီဝင် ကိုယ်စားလှယ်တွေ ဝင်ပြိုင်တဲ့ နေရာအားလုံးမှာ ၉၉ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်း အန်အယ်လ်ဒီကနေ သိရပါတယ်။
2019-04-01
ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက်ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-04-01
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘောလုံးကြီးကျေးရွာမှာ ပတ္တမြားတူးဖော်တဲ့ တရုတ်လူမျိုးပိုင် ဌေးပိုင်ကုမ္ပဏီရဲ့ လုပ်ကွက်ထဲမှာ ပတ္တမြား ဝင်ရောက်ရှာဖွေသူတွေနဲ့ ကုမ္ပဏီအကြား မနေ့ညက ပဋိပက္ခဖြစ်ပွားပြီး ကုမ္ပဏီဂိုဒေါင်နဲ့ စက်ပစ္စည်းတွေ မီးလောင်ခဲ့ပါတယ်။
2019-04-01
အသက် ၁၈ နှစ် မပြည့်သေးဘဲ တပ်မတော်သားအဖြစ် စုဆောင်းခံရသူ ၃၂ ဦးကို မနေ့က နုတ်ထွက်ခွင့်ပေးလိုက်ပြီး ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ စုစုပေါင်း ကလေးစစ်သား ၁ ထောင်နီးပါးကို တပ်မတော်က စိစစ် နုတ်ထွက်ခွင့်ပေးထားပြီးဖြစ်ကြောင်း တပ်မတော်နဲ့ ယူနီဆက်အဖွဲ့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
2019-04-01
ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး မြစ်ဆုံစီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီခရီးလမ်း ပျက်စီးနိုင်ကြောင်း၊ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို မလုပ်ဖို့ လိုအပ်ကြောင်း ပညာရှင်တွေပါဝင်တဲ့ "မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ" အစည်းအဝေးကနေ တောင်းဆိုလိုက်ပါတယ်။