သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-07
နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိစေဖို့အတွက် ငြိမ်းချမ်းရေးလိုအပ်ကြောင်းနဲ့၊ "ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ- UPDJC" ဟာ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ဖို့အတွက် အဓိကကျတဲ့ အဖွဲ့အစည်းဖြစ်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ UPDJC အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
2017-02-07
ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ MICA အဖွဲ့ကို ဖျက်သိမ်းပြီး အဲဒီအဖွဲ့က သိမ်းယူထားတဲ့ စက်ရုံ၊ လုပ်ငန်း၊ မြေယာတွေကို ဘယ်လိုစီမံထားလဲဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းပေးဖို့ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၇ က ဒေါက်တာအားကာမိုး က အဆိုကို တင်သွင်းခဲ့ရာမှာ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
2017-02-07
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ ၉ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရွှေလီလမ်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-02-07
ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ဒေသအတွက် မေယု FM ရေဒီယို အစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စမ်းသပ် ထုတ်လွှင့်နေတဲ့အပေါ် ကန့်ကွက်တာတွေရှိနေ သလို လိုအပ်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေ ပါတယ်။
2017-02-07
လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် က ရေးဆွဲနေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြည်သူ့လွှတ်တော် မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က တင်ပြခဲ့ပါတယ်။
2017-02-07
NLD ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်ဖို့ ရဲချုပ်ဇော်ဝင်း နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရှိလာပါတယ်။
2017-02-07
မွန်ပြည်နယ် ရေးမြို့နယ်မှာ ရာဘာဈေးကောင်းလာတဲ့အတွက် ရပ်ဆိုင်း ထားတဲ့ ရာဘာခြံတွေမှာပါ လုပ်ငန်းတွေ ပြန် ပြီး စတင်နေကြပါတယ်။
2017-02-07
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီက ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဆု က ပြောပါတယ်။
2017-02-07
ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်း လင်းရေးဆောင်ရွက်ခဲ့ရာမှာ မွတ်စ လင်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင် ငံ ဒါကာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တံခါးပိတ် စည်းဝေးပွဲမှာ အစီရင်ခံစာ ဖေါ်ပြချက်တွေကို မြန်မာ ကိုယ်စားလှယ်က လက်မခံဘဲ လုံးဝငြင်းဆိုခဲ့တယ် လို့ရပါတယ်။
2017-02-06
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC မှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-06
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာ လူ့အခွင့်အရေး တိုးတက်လာတဲ့ အခြေအနေတွေ မြင်တွေ့ လာရတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
2017-02-06
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းနိုင်ရေးအတွက် ဆောင် ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် က ပြည်သူ့လွှတ်တော်မှာ ပြော ကြားခဲ့ပါတယ်။
2017-02-05
ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ည မေးပါရစေဦး အစီအစဉ်မှာ လုပ်ကြံခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြောင်း သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြမှာ ဖြစ် ပါတယ်။
2017-02-05
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရား လွှတ်တော်ရှေ့နေဦး ကိုနီ လုပ်ကြံခံရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဖက်က ပြည်တွင်းဆွေးနွေးပွဲတွေ တက်ရောက်ဖို့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေ ပါတယ်။
2017-02-05
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO တာဝန်ရှိသူတွေ၊ ပအိုဝ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော်တာဝန်ရှိသူတွေ ရှမ်းပြည်နယ်မှာ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ့်အချိန်နဲ့ နေရာကို ဒီနေ့ တောင်ကြီးမြို့မှာ ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။