သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-30
တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2024-07-30
သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-30
တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းဘဲ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ဖို့ ဗြိတိန်ရောက် မြန်မာတွေ ဇူလိုင်လ ၃၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2024-07-30
အိုလံပစ်ပြိုင်ပွဲဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာအသင်းဟာ ပြိုင်ပွဲကနေ ပထမဆုံးအရှုံးနဲ့ ထွက်ရတဲ့အသင်းဖြစ်တယ်လို့ SEA အားကစားသတင်းကဖော်ပြပါတယ်။
2024-07-30
DVB သတင်းထောက်ဟောင်းဖြစ်သူ ကိုနေလင်းထိုက်ဟာ အင်းစိန်ထောင်မှာ ဇူလိုင်လ ၂၉ ရက်နေ့က ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်လို့ DVB သတင်းထောက်တစ်ဦးက RFA ကို ပြောပါတယ်။
2024-07-30
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တင်းမာမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံ ထိပ်တန်းခေါင်းဆောင်တွေက ဇူလိုင်လ ၂၇ ရက်နေ့က တောင်းဆိုထားပါတယ်။
2024-07-30
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၂၀၀ ကနေ ၅၃၀၀ နှုန်းနဲ့ ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၄၀ ကနေ ၁၅၀ ကျပ် ကြား ရှိနေပါတယ်။
2024-07-30
မြိုင်မြို့နယ်က ရွာနှစ်ရွာကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သက်ကြီးရွယ်တစ်ဦး ဒဏ်ရာရပြီး လူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-30
ဒုက္ခသည်အရေး ကူညီသူတွေကတော့ မြို့ပေါ်တွေမှာ လူဦးရေ သုံးပုံ တစ်ပုံလောက်ပဲကျန်တယ်လို့ ခန့်မှန်းကြပါတယ်။
2024-07-30
ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေး အပါအဝင် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တိုက်တွန်းကြောင်း UWSP က ထုတ်ပြန်ကြေညာပါတယ်။
2024-07-30
မြန်မာဂီတာကို ပေါင်ပေါ်မှာတင်ပြီး ပပဝင်းလို့ အမည်ရတဲ့ ရှေးဟောင်းသီချင်းတစ်ပုဒ်ကို ကျွမ်းကျင်စွာ တီးခတ်သီဆိုနေသူကတော့ တစ်ချိန်က ဇာတ်သဘင်လောကမှာ ထင်ရှားခဲ့တဲ့ ရန်ကုန် ဦးစိန်ကိုကိုပါ။
2024-07-30
လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးနဲ့ အမှတ် (၉) ရပ်ကွက်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ ဇူလိုင်လ ၃၀ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-30
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်က Myanmar Haisheng Fashion Clothes အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရပြီး၊ ဖိအားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက RFA ကို ပြောပါတယ်။
2024-07-30
မြို့ပေါ်ကို အကြိမ်ကြိမ် ဗုံးကြဲခံနေရတာကြောင့် မြို့ခံတွေ ဆက်မနေရဲတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
2024-07-30
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်မှာ ရွာ ၄၁ ရွာ ရေနစ်မြုပ်နေပြီး ပြည်သူနှစ်သောင်းနီးပါး ရေဘေးသင့်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ဇူလိုင် ၂၉ မှာ သတင်းထုတ်ပြန်ပါတယ်။