သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-27
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့၊ သမ္မတက လျာထားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့တွေ၊ ရခိုင်ပြည်နယ်အတွင်း လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်း ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-06-27
မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတဲ့ အမှုဟာ သာသနာတော်တခုလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုမှန်ပေါ်ပေါက်တဲ့အထိ ဘက်မလိုက်ဘဲ သေသေချာချာစစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲခံထားရတဲ့ ဆရာတော်ဦးဥတ္တရက မိန့်ကြားလိုက်ပါတယ်။
2014-06-27
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်က သိမ်းဆည်းထားတဲ့မြေတွေထဲက ဧက ၂ ရာနီးပါးကို ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်တဲ့ အခမ်းအနားကို ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံ က တင်ပြထားပါတယ်။
2014-06-27
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ် သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။
2014-06-27
လာမယ့် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို လျှပ်စစ် မီးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က အဆိုပြု ထားခံ ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
2014-06-27
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေ တဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေးပါတီတွေက ဒီကနေ့ ပြောကြား ပါတယ်။
2014-06-27
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။
2014-06-27
ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခကျောင်း တိုက်က သံဃာ ၅ ပါးအပေါ် စွဲချက်တင်ထားတဲ့အမှု အပေါ် တရားရုံးကစီရင်ချက်ဟာ မြန်မာ့နိုင်ငံရေး အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောလိုက်ပါတယ်။
2014-06-27
မြန်မာနိုင်ငံကဖြစ်နေတဲ့ စစ်ပွဲတွေအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူတယ်ဆိုတာထက် ကျူးလွန်ခံရတဲ့သူတွေနဲ့ ကျူးလွန်ခံရတဲ့သူတွေဘက်က ရပ်တည်ပေးသူတွေသာ အရေးယူခံရ၊ တရားရင်ဆိုင်နေရကြောင်း ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က မမေစံပယ်ဖြူက ဒီနေ့ပြောကြား လိုက်ပါတယ်။
2014-06-27
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ပုဂံမြို့ရဲ့သမိုင်းဝင် ရှေးဟောင်းပစ္စည်းစာရင်းတွေကို ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ UNESCO ယူနက်စကိုက စာရင်းပြုစု သွားမယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
2014-06-27
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်ကသိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပ ပြီး ဒေသခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက် မှတ်တွေ ဒီနေ့ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
2014-06-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးပေါင်းပြီး ပဲခူးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါ တယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2014-06-27
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ရခိုင်တိုင်းရင်းသားကိုယ်စားပြုပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထား ပါတယ်။
2014-06-27
ဒီနေ့ကျရောက်တဲ့ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ "မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က လှော်ကား- ရဲအကြပ်သင်တန်းကျောင်းမှာ ကျင်းပခဲ့ ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-27
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်မှာလည်း ဒီကနေ့ ကျင်းပခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။