သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-28
တရုတ်အစိုးရအာဘော် အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့် အနေနဲ့ သူ့ပြည်တွင်း ဦးစားပေးရေး အစီ အစဉ်တွေကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုလျှော့ နည်းပြီး လက်ရှိကူညီမှုတွေကို လျှော့ချနိုင်ဖွယ်ရှိကြောင်းနဲ့ NLD အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစီအစဉ်ကိုတောင် ဥပက္ခာပြုလာနိုင်ကြောင်း မနေ့က ရေးသားလိုက်ပါတယ်။
2017-01-28
ဇန်နဝါရီလ ၂၈ ရက် စနေနေ့ည အစီအစဉ်မှာတော့ "LGBT အခွင့်အရေး လှုပ်ရှားနေသူများ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျိုးကိုကိုစန်း (Transgender (Miss International Queen - 2014))နဲ့ ရှင်းသန့် (LGBT အခွင့်အရေး လှုပ်ရှားသူ) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-01-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို JCCI (Japan Chamber of Commerce and Industry) ဂျပန်နိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌ Akio Mimura အာကီယို မီမူရာ ဦးဆောင်တဲ့အဖွဲ့က မနေ့ကတွေ့ဆုံရာမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
2017-01-28
မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အနေနဲ့ ရခိုင်ဒေသမှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနောက် ပိုင်း ရွှေ့ပြောင်းခံလူအရေအတွက် တိုးပွားလာတဲ့အတွက် အသုံးစာရိတ်လိုငွေ အမေရိကန်ဒေါ်လာ ၁၉ သန်း အထိ ဖြစ်နေပါတယ်။
2017-01-28
တိုင်းပြည်ဖံ့ွဖြိုးတိုးတက်ဖို့ လူငယ်တွေနဲ့ နည်းပညာ လိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောပါတယ်။
2017-01-28
ပြည်တွင်းစစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိဖို့ မေတ္တာရပ်ခံတောင်းဆိုတဲ့လှုပ်ရှားမှု ကို တနင်္သာရီတိုင်း ထားဝယ်ခရိုင် မြို့နယ် ၄ ခုက လူစည်ကားတဲ့နေရာတွေမှာ ဒီနေ့စတင်ပြုလုပ်နေ ပါတယ်။
2017-01-28
ရန်ကုန်တိုင်းအတွင်း အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ထောက် ခံချက်မရရှိထားဘဲ ရောင်းချနေတဲ့ ရေသန့် အမှတ်တံဆိပ် ၆ မျိုးကို တရားစွဲဆိုထားတယ်လို့ အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွဋ် က ပြောပါတယ်။
2017-01-28
ငြိမ်းချမ်းရေးလိုလားသူတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ လူထုလှုပ်ရှားမှုတစ်ခုအနေနဲ့ ချီတက်တောင်းဆိုပွဲပြုလုပ် မယ်လို့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဖြစ်မြောက်ရေး ကော် မတီဝင် မအိအိမိုးက ပြောပါတယ်။
2017-01-28
နိုင်ငံရပ်ခြားမှာ နေထိုင်သူတစ်ယောက် မွေးစားထား တဲ့ အသက် ၁၁ နှစ်အောက် မိန်းကလေးငယ် ၄ ယောက်ကို သူ့ရဲ့ယာဉ်မောင်းလုပ်သူက ညှဉ်းပန်းနှိပ်စက်ပြီး အဓမ္မပြုကျင့်တဲ့အပြင် အခြားကလေးငယ် ၃ ယောက်ကိုလည်း နှိပ် စက်ညှဉ်းပန်းတာတွေ ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့ ပါတယ်။
2017-01-28
ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းက မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် ရေကာတာတွေ တည်ဆောက်မှု တိုးမြှင့်ဖို့ ရန်ကုန်၊ မြစ်ကြီးနားနဲ့ လွိုက်ကော်မြို့တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်နေတာကို ကန့်ကွက်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း ၁၈ ဖွဲ့က စုပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်နဲ့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်တို့က ဒီနေ့ထုတ်ပြန်ပါတယ်။
2017-01-28
မွန်နိုင်ငံရေးပါတီ ၃ ပါတီကို တပါတီတည်းအဖြစ် ပေါင်းစည်းပေးကြဖို့ မွန်ပြည်နယ်၊ လမိုင်းမြို့ မော့ကနင်ကျေးရွာမှာ မွန်လူငယ်တွေ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
2017-01-28
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသ အဖွဲ့ဝင်ဟောင်းတွေ နဲ့ အလုပ်သမား အရေး ဆောင် ရွက်နေသူ ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ "ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး" ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် ကျောက်တံတားမြို့နယ် က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-01-28
ကလေးစာပေပွဲတော်ကို မန္တလေးမြို့ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် MIIT မှာ ဒီကနေ့ စတင်ဖွင့်လှစ် ကျင်းပခဲ့ရာမှာ သမ္မတဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။
2017-01-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံတချို့ရှေ့မှာ ကျူးကျော်တဲတွေ ထိုးပြီး လုပ်ငန်းရှင်တွေဆီကနေ အဓမ္မ ငွေတောင်းခံနေတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေနဲ့ အိုးအိမ်ဦးစီး ဌာန တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-01-28
ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ပြည်နယ်အတွင်း အသုံးပြုနိုင်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေစပြီး မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်တွေ ပြုလုပ်ပေးနေပါတယ်။