သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-01
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မြန်မာနိုင်ငံ အထက်ပိုင်း မကွေးတိုင်း ပခုက္ကူ ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အင်နဲ့ အားနဲ့ ဆောင်ရွက်နေပေမဲ့ အကူအညီ မရောက်နိုင်သေးတဲ့ နေရာတွေလည်း အများကြီး ရှိသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် နေသူတွေက ပြောပါတယ်။
2011-11-01
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကိုရောက်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမေရိကန် သံရုံးမှာ နိုင်ငံရေးပါတီ (၇) ခုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-11-01
မြန်မာနိုင်ငံကို ငါးရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဘီယာဟာ ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တယ်လို့ သမ္မတအကြံပေး ဦးကိုကိုလှိုင်က အာအက်ဖ်အေကို ပြောပါတယ်။