သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-18
စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်က မြို့နယ်ရှစ်ခုမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၁၇ ရက် မနေ့က သက်တမ်းတိုးထုတ်ပြန်ခဲ့ပါတယ်။
2022-09-18
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ညောင်ပင်စခန်း(ခွဲ) နဲ့ မကွေးတိုင်း ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ PDF အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
2022-09-18
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ ကြည်းကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ သေဆုံးသူအနည်းဆုံး ၁၁ ဦးအထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်တင်ဘာလ ၁၆ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက် ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။
2022-09-18
အထည်ချုပ်စက်ရုံလောကမှာ အလုပ်ရှင်တွေ အသာစီးရနေပြီး အလုပ်သမားတွေအခွင့် အရေးချိုးဖောက်ခံရမှု ပိုများလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
2022-09-17
လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေခဲ့ရာက အရပ်သားအစိုးရအုပ်ချုပ်ရေးကို အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။
2022-09-17
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ခန့်ထားဖို့၊ NUG ကိုမြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
2022-09-17
လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ နယူးရောက်မြို့မှာ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
2022-09-17
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် စက်တင်ဘာ ၁၅ ရက်မှာ မဿလင်ကုန်းကျေးရွာနဲ့ ချပ်ကုန်းကျေးရွာတွေက ကလေးနှစ်ဦး အပါအဝင် ဒေသခံလေး ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-17
ကိုယ်ရေးအချက်အလက် အပြည့်အစုံမပါတဲ့ မိုဘိုင်းငွေပေးချေတဲ့ အကောင့်တွေကို အပြီးတိုင်ပိတ်သိမ်းမယ်လို့ ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်မနေ့က ကြေညာခဲ့ပါတယ်။
2022-09-17
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၆ ရက် မနေ့က တစ်ရက်တည်းမှာ ကလေးငယ် ခြောက်ဦး အပါအဝင် ဒေသခံ ၁၉ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-17
မြန်မာဘက်က မနေ့က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံးပြီး အနည်းဆုံး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် နယ်စပ်အနီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အထိတ်တလန့်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
2022-09-17
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ခန့်ဖို့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်ကိုးခုမှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။
2022-09-17
စစ်ကောင်စီရဲ့သံတမန်ဆက်ဆံရေးဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရရဲ့ သံတမန်ရေးထက် ကျရှုံးနေပြီလို့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။ ဒီအခြေအနေအရ ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ်အဖြစ် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးက နွေဦးတော်လှန်ရေးအတွက် အကျိုးရှိစေတယ်လို့လည်း သုံးသပ်ကြပါတယ်။
2022-09-17
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် အနောက်ခြမ်းက ရွှေပေါက်ပင်ကျွန်း (ဒေသအခေါ် ဂျပန်ကျွန်း) ပေါ်ကို စက်တင်ဘာ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။