သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-05
မြန်မာ့တပ်မတော်တပ်ရင်း ၂၈၄ နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းတပ်တို့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခွင့်ရထားတဲ့ ဂျပန်ရေတွင်းရွာကို သွားရာကနေ မွန်ပြည်သစ်ပါတီတပ်ရင်း ၅ နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ညှိနှိုင်းနေကြပါတယ်။
2019-12-05
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်က ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးချိန် နောက်ပိုင်းမှ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ဘက်က ပြင်ဆင်ရေးမူကြမ်းတွေ ဆက်တိုက်တင်လာတာဟာ စေတနာကောင်းနဲ့ လုပ်နေတာလားဆိုတာ သံသယဖြစ်မိ တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန်လိုက်ပါတယ်။
2019-12-05
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာမှာ တာဝန်ကျနေတဲ့ အလယ်တန်းပြဆရာ တစ်ဦးနဲ့ ကျောင်းစာရေး တစ်ဦးတို့ကို AA အဖွဲ့နဲ့ ပတ်သက် တယ်ဆိုတဲ့ သံသယနဲ့ ဒေသလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်း လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-12-05
လူမျိုးတုံးသတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံထားရတဲ့ကိစ္စကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမယ့် အပေါ် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ထောက်ခံပွဲတွေ ပြုလုပ်တာတွေရှိနေသလို ရှေ့ဆက်ပြီးလည်း လုပ်ဆောင်ဖို့ ရှိနေပါတယ်။
2019-12-05
ရှမ်းမြောက်ဒေသအတွင်းမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြေယာဆုံးရှုံးမှာကို စိုးရိမ်နေကြတဲ့အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခင် စီမံကိန်းတွေမလုပ်ဖို့ ရှမ်းနဲ့ ကချင် မန်ဝိန်းကြီးဒေသက စစ်ဘေးရှောင်တွေ စုပေါင်းထားတဲ့ စစ်ဘေးရှောင် မြေယာကော်မတီအဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။
2019-12-05
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတော့ အသစ်စက်စက်ပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ PPP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင် ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံမေးမြန်း ထားပါတယ်။
2019-12-05
ဒီတစ်ပတ် ယနေ့နိုင်ငံရေး အစီအစဉ်မှာ "မြန်မာနိုင်ငံက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ဘယ်လောက်အကာအကွယ်ရပြီလဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-12-05
တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ နားမှာ နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး KIA ရှေ့တန်းကာကင်း တစ်ခုနဲ့ လက်နက်ခဲယမ်းတွေ အသိမ်းခံလိုက်ရတာ မှန်ကန်ကြောင်း KIA ဘက်က အတည်ပြုပြောဆိုပါတယ်။
2019-12-04
ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်စွဲဆိုတာကို ကချင်အရပ်ဘက်အဖွဲ့အစည်းတချို့က ထောက်ခံကြပါတယ်။
2019-12-04
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ စွဲဆိုခံနေရမှုမှာ လက်နက်ကိုင် အဖွဲ့တချို့က အစိုးရဘက်ကနေ ထောက်ခံကြသလို ICJ ဘက်ကနေ ရပ်တည်ကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
2019-12-04
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို ငွေကျပ် သန်းပေါင်း ၁၈၀၀ ကျော် ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ အစိုးရက ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ဝေဖန်နေကြပါတယ်။
2019-12-04
victoria အမှုမှာ သံသယတရားခံ ကိုအောင်ကြီးဟာ လိင်အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိနိုင်ကြောင်း Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဒီနေ့ ၁၂ ကြိမ်မြောက်ရုံးချိန်း တရားခွင်မှာ ထွက်ဆိုပါတယ်။
2019-12-04
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ငါးဖမ်းလုပ်ငန်းခွင်တွေမှာ ရေလုပ်သားတွေ ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံနေရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးနေပါတယ်။
2019-12-03
မြန်မာနိုင်ငံ ICJ မှာ အမှုရင်ဆိုင်ရမယ်ကိစ္စနဲ့ ပတ်သက်ပြီး ကက်သလစ်ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုက အပြည်ပြည်ဆိုင်ရာကို ပန်ကြားချက်တစ်စောင် ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ပြီး ပန်ကြားလိုက်ပါတယ်။
2019-12-03
တရုတ်နိုင်ငံကိုတင်ပို့ဖို့ စိုက်ပျိုးရတာက ဒေသထွက် သီးနှံစိုက်ပျိုးမှုထက် ပိုပြီးဝင်ငွေကောင်းတာကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ တရုတ်ဈေးကွက်အကြိုက်သီးနှံတွေကို ပြောင်းပြီးစိုက်ပျိုးနေကြပါပြီ။