သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-31
ရေကြီး ရေလျှံမှုတွေ ကြုံနေရတဲ့ တနင်္သာရီမြို့နယ်က ရေဘေးဒုက္ခသည်တွေ ဇူလိုင် ၃၀ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-31
အင်္ဂပူမြို့ စက်စက်ယိုဘုရားမှာ ရေဘေးဒုက္ခသည် အသက် ၁၀ လအရွယ် ယောက်ျားလေးတစ်ဦး ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-31
RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ခုနစ်လအတွင်း မြို့နယ် ရှစ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုအပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ် ရှစ်ခုရှိခဲ့ပြီး အဲဒီမှာ အရပ်သား ၁၁၄ ဦး သေဆုံးခဲ့တာပါ။
2024-07-31
မိုးမောက်မြို့အနီးက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
2024-07-31
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာရွာက ပျူစောထီးအဖွဲ့ဝင် သုံးဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။
2024-07-31
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-07-31
ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ လိုသလောက် ဝယ်လို့မရတော့ဘဲ စက်သုံးဆီ ပြတ်လပ်နေပြီး အကန့်အသတ်နဲ့ ရောင်းချနေတယ်လို့ မြို့ခံတွေနဲ့ အငှားယာဉ်မောင်းတွေက RFA ကို ပြောပါတယ်။
2024-07-31
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေဖြစ်လို့ အခြေခံပညာစာသင်ကျောင်း ၂၀၁ ကျောင်း ပိတ်ထားရတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက ဇူလိုင် ၃၀ နဲ့ ၃၁ ရက်တွေမှာ ဖော်ပြပါတယ်။
2024-07-31
မင်္ဂလာဒုံ ရွှေနံသာရပ်ကွက်က ခြေလျင်တပ်ရင်း - ခလရ (၈၂) အစောင့်ဂိတ်ကင်းစခန်းနဲ့ လှည်းကူးက စစ်မှုထမ်းဟောင်းရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖွဲ့ က ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-07-31
စစ်ကောင်စီနဲ့ MNDAA တို့ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေတဲ့ လားရှိုးအကျဉ်းထောင် ဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ က ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ခေါ်ထုတ်သွားတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက RFA ကို ပြောပါတယ်။
2024-07-31
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရဲစခန်းရဲ့ အချုပ်ခန်းကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအထဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံထားရသူ ခုနစ်ဦး ပါဝင်တယ်လို့ CHRO က ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-07-30
မန္တလေးမြို့အနီးအထိ စစ်ဆင်ရေးလှိုင်းတွေ ရောက်လာပြီဖြစ်လာတာကြောင့် စစ်ရေးအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့နဲ့ ကြိုတင်ပြင်ဆင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
2024-07-30
ဒီနှစ်အတွင်း စစ်ကောင်စီကင်းစင်တဲ့ ချင်းပြည်နယ်ဖြစ်ဖို့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောလိုက်ပါတယ်။
2024-07-30
ကော့ဘဇားခရိုင်က ဘာလူခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရေကြီးနစ်မြုပ်နေပြီး နေအိမ်နှစ်ရာကျော် ရေဘေးသင့်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2024-07-30
မွန်ပြည်နယ် မြို့နယ်ငါးမြို့နယ်က ကျေးရွာတစ်ရာကျော် ရေကြီးနစ်မြုပ်နေပြီး စားနပ်ရိက္ခာနဲ့ အကူအညီတွေလိုအပ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။