သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-16
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ဟာ အစိုးရ နဲ့ ကေအိုင်အိုတို့ နှစ်ဖက်သဘောတူ ခွင့်ပြုချက် နဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက်က စစ်ဘေး ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခွင့်ရ ခဲ့ပါတယ်။
2014-02-16
မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေ ကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ဝန်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ် ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2014-02-16
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ က ဝင်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေ နဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2014-02-16
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ "တော ရအောက်"ဘုန်းတော်ကြီး ကျောင်းမှာ မြို့နယ် ၁၀ မြို့နယ် ကိုယ်စားပြု လူငယ် ကိုယ်စားလှယ် တစ်ရာလောက် တက်ရောက်နေတဲ့ တနင်္သာရီတိုင်း လူငယ်ဖိုရမ်ကို ကျင်းပပြုလုပ်နေပါတယ်။
2014-02-16
ရခိုင်ပြည်နယ်က ချို့တဲ့တဲ့ စာသင်ကျောင်းတွေ ဆေးပေး ခန်းတွေ ပြုပြင်ပေးဖို့ ရည်ရွယ်ချက်နဲ့ စစ်တွေကနေ မြောက်ဦးမြို့အထိ မိုင် ၈၀ ခရီးကို တစ်ပါးတည်း လမ်းလျှောက်တောင်းဆိုခဲ့တဲ့ စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက်က အရှင်စက္ကိန္ဒဟာ ဒီနေ့ မြောက်ဦးမြို့ကို ရောက်ရှိပြီး ခရီးစဉ်ကို အဆုံးသတ် လိုက်ပါတယ်။
2014-02-15
မန္တလေးမြို့ မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မနေ့ညက ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ မူလကြေညာထား ခဲ့တဲ့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ကိုမြအေးကို ထုတ်ပယ် ပစ်ဖို့ သံဃာတော်တချို့က လာရောက်ကန့်ကွက်ခဲ့ကြတဲ့ အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။
2014-02-15
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် နိုင်ငံတော် သမ္မတက ဖွဲ့စည်းထား တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မောင်တောမြို့ ကို ရောက်ရှိပါတယ်။
2014-02-15
လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းဖို့အတွက် လွှတ်တော် အတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို စနစ်တကျ လေ့လာသုတေသနပြုတဲ့ အဖွဲ့ အစည်းတွေပေါ်ပေါက်ရေးဟာ အရေးကြီးကြောင်း ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။
2014-02-15
နေပြည်တော် ပျဉ်းမနားမြို့က ရဲတပ်ဖွဲ့ အချုပ်ထောင်မှာ ဒီကနေ့ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ရဲတပ် ဖွဲ့က သေနတ်ပစ်ဖေါက် ထိန်းသိမ်းရာမှာ အချုပ်သားတစ်ဦး ဒါဏ်ရာရခဲ့ပါတယ်။
2014-02-15
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ရန်ကုန် သီလဝါ စက်မှုဇုန်ကြောင့် နေရာပြောင်းရွေ့ခံရတဲ့ ဒေသခံတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2014-02-15
မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့် မနေကြပဲ နိုင်ငံသားတစ်ဦးချင်းစီက ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-02-15
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အခြေခံ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့၊ မပြင်ဖို့ ထောက်ခံပွဲတွေ လုပ်နေတဲ့ကိစ္စနဲ့ ဘာသာရေး၊ တိုင်းရင်းသားအရေးတွေကို လူငယ်ခေါင်းဆောင် နှစ်ဦး၊ မီဒီယာသမား တစ်ဦးတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေနဲ့အတူ ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-02-15
လွတ်လပ်တဲ့အာရှအသံ RFA အဆောက်အအုံတည်ရှိရာ ဝါရှင်တန်ဒီစီ မြို့တော်အပါအဝင် အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညပိုင်းကစပြီး နှင်းတွေအများအပြား ကျခဲ့တဲ့အတွက် မနေ့က ကြာသပတေးနေ့မှာ ရုံးတွေကျောင်းတွေ အားလုံးကို ပိတ်ခဲ့ရပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်း က တင်ဆက်ထားပါတယ်။
2014-02-15
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ နောက်ဆုံး အစီရင်ခံစာအတွက် ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-02-15
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell တို့ဟာ မန္တလေးမြို့က သမိုင်းဝင် ရွှေကျောင်းကြီး ပြန်လည်ပြုပြင်မွမ်းမံရေး အခမ်းအနားကို ဒီနေ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။