သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-09
မြဝတီမြို့တွင်း ခြေကုတ်ယူထားတဲ့ DKBA တပ်များ နိုဝင်ဘာ ၉ ရက် ဒီကနေ့ မနက်က မြို့တွင်းက ဆုတ်ခွာသွားပြီသလို စစ်အစိုးရ တပ်တွေက မြို့ကို ပြန်လည် ထိန်းချုပ်ထားလိုက်တဲ့အတွက် နောက်ဆုံး သတင်းကြေညာချိန်အထိ မြို့တွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။
2010-11-09
မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တဖက်သတ် လုယူသွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမတ မစ္စတာ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။
2010-11-09
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်ထဲက ၃၇ မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက သတင်းထောက်တွေကို နိုဝင်ဘာ ၈ ရက် မနေ့ ညနေက တရားဝင် ပြောကြားခဲ့တယ်လို့ ရန်ကုန် စာနယ်ဇင်း ရပ်ကွက်က ပြောပါတယ်။
2010-11-09
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
2010-11-09
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ ထောက်ခံအားပေးနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီး ခြောက်ဦးက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရအပေါ် မျှော်လင့်ချက်တွေကို ကုန်ဆုံးစေခဲ့တယ်လို့ နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2010-11-08
ကချင်ပြည်နယ် ပန်ဝါ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ဟိုပင်၊ လုံးခင်း၊ နမ္မတီးစတဲ့ြ မို့တွေမှာ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မြန်မာနယ်စပ် ပန်ဝါမြို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ပါဝင် အရွေးခံတဲ့ ဦးစခုံတိန့်ယိမ်း အနိုင်ရရှိ သွားပါတယ်။
2010-11-08
စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သမိုင်းမှာ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ မပြည့်စုံဆုံး ရွေးကောက်ပွဲတခု ဖြစ်သလို မျှော်လင့်ထားတာထက် အဂတိ လိုက်စားမှုနဲ့ မသမာမှု အများဆုံး တွေ့ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်းက ကိုယ်တိုင် မဲထည့်ခဲ့တဲ့ လေ့လာသူတွေနဲ့ နိုင်ငံရေးသမားကြီးတွေက သုံးသပ်ကြပါတယ်။
2010-11-08
နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ မဲအပြတ်အသက် အနိုင်ရခဲ့တဲ့ ပါတီတွေ မဲရေတွက်ပြီးချိန်မှာ အနိုင်ရရှိခဲ့ကြပေမဲ့ အာဏာပိုင်တွေ ထပ်မံ ယူဆောင်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်သွားခဲ့ရတယ်လို့ အဲဒီ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2010-11-08
မြန်မာစစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်၊ သြစတြေလျ၊ ဖိလစ်ပိုင်နဲ့ ဂျပန် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝေဖန်ပြောဆိုလိုက်ပါတယ်။
2010-11-08
နိုဝင်ဘာ ၇ ရက် မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက မဲ မသမာမှုတွေ အမျိုးမျိုး ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဒီမိုကရက်ပါတီ (မြန်မာပြည်)ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း ကြံ့ခိုင်ရေး ပါတီက မဲအများအပြား ခိုးယူခဲ့တဲ့အတွက် သူ့တို့ပါတီ နစ်နာမှုတွေ ရှိခဲ့တယ်လိ့ု ပြောပါတယ်။
2010-11-08
မြန်မာစစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ခိုင်ရေးပါတီ နဲ့ အဲဒီပါတီရဲ့ မိတ်ဖက်ပါတီလို့ ယုံကြည်နေကြတဲ့ တိုင်းရင်းသားပါတီ တချို့ကနေ အလိုအလျောက် အမတ်ဖြစ်သွားသူ ၅၇ ဦးကို တနင်္ဂနွေနေ့ က ပထမဦးဆုံး ကြေညာလိုက်ပါတယ်။
2010-11-08
ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မြို့ကို ထွက်ပြေး ရောက်ရှိလာသူ နှစ်သောင်းခွဲကျော် ရှိနေပြီလို့ ဒီဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းက ကိုမြတ်မင်းက ပြောပါတယ်။
2010-11-07
မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်းက မဲရုံတွေရဲ့ အနီးတဝိုက်မှာ ယူနီဖောင်း အပြည့်အစုံနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားသလို မဲဆန္ဒရှင်တွေ မဲပြားယူပြီး ဆန္ဒမဲ ပေးရာမှာလည်း မဲရုံတာဝန်ရှိသူ တွေက ဘယ်သူ့ကို မဲထည့်တယ် ဆိုတာကို နောက်က လိုက်ကြည့်တာတွေ ရှိတယ်လို့ သိရပါတယ်
2010-11-07
စစ်အစိုးရ ကျင်းပတဲ့ ဒီကနေ့ ရွေးကောက်ပွဲမှာ ညနေ ၇ နာရီကျော် အချိန်အထိ ရေတွက်တဲ့ စာရင်းတွေအရ ရန်ကုန်မြို့နဲ့ နယ်မြို့ကြီးတွေမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF က အမတ်လောင်းတချို့ဟာ မဲအသာစီး ရနေတယ်လို့ RFA က သိရပါတယ်။
2010-11-07
ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် APF သတင်းဌာန ပိုင်ရှင်ဖြစ်တဲ့ မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji) ကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ဖမ်းဆီးလိုက်ပါတယ်။