သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-21
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ နှောင့်ယှက် ဖျက်စီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ လိုတယ်လို့လည်း (CRPH) ရဲ့ တိုက်တွန်းစာမှာဖော်ပြထားပါတယ်။
2021-02-21
ရန်ကုန်မြို့မှာ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားဖြစ်ပြီး ကျန်တဲ့မြို့တွေမှာတော့ ပုံမှန်အတိုင်း နံနက် ၁ နာရီကနေ မနက် ၉ နာရီအထိ ဖြတ်တောက်မှာဖြစ်တယ်လို့ အော်ရီဒူးလ် (မြန်မာ) ကဆိုပါတယ်။
2021-02-21
အာဏာသိမ်း စစ်ကောင်စီရဲ့ ညွှန်ကြားစာတချို့ အင်တာနက်အွန်လိုင်းပေါ်မှာ ဒီကနေ့ပေါက်ကြားလာပြီး၊ အဲ့ဒီစာထဲမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်အမာခံတွေ ခန့်အပ်ဖို့နဲ့၊ ဆန့်ကျင်ဘက်လူတွေ တဘက်အဖွဲ့အစည်းကလူတွေ မပါဝင်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
2021-02-21
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့ပေမယ့် မတရားမှုတွေကို ဆန့်ကျင်ပြီး တရားမျှတမှု ရရှိဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လူငယ်ထု အပါအဝင် အလွှာအသီးသီးရှိ ပြည်သူတွေက ပြောကြားလိုက်ပါတယ်။
2021-02-21
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညက ကင်းစောင့်ရင်း ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသူအတွက် စခန်းမှာ အမှုသွားဖွင့်ခဲ့ပေမယ့် အမှုဖွင့်ခွင့်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွင်းရင်း သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။
2021-02-21
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့ညက ရပ်ကွက်လုံခြုံရေးကင်းစောင့်ရင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက်လို့ နေရာတင်သေဆုံးခဲ့တဲ့ ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်နေ ကိုတင်ထွဋ်ဟိန်းအမှုကို ရွှေပြည်သာမြို့နယ်ရဲစခန်းက အမှုဖွင့်ခွင့် မပေးသေးဘူးလို့ သူ့ဇနီးဖြစ်သူ မသင်းသင်းက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။
2021-02-20
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံအတွက် လိုအပ်တဲ့ foreign reserve လို့ခေါ်တဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပကဘဏ်တွေမှာ အပ်နှံ ထားတဲ့အထဲက အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ ဒေါ်လာ ၁ ဘီလျံကို အမေရိကန် အစိုးရက ထိန်းချုပ်ထားလိုက်ပေမယ့် အခြားနိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ဘဏ္ဍှာငွေတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
2021-02-20
ဖေဖော်ဝါရီလ ၂၀ ရက်ညနေက မန္တလေး ၄၁ လမ်းမှာ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲလို့ ကိုဝေယံဖြိုးဆိုတဲ့ လူငယ်တယောက်နဲ့ ကိုမင်းဆိုတဲ့လူလတ်ပိုင်း တယောက် စုစပေါင်း (၂) ယောက် သေဆုံးပြီး အနည်းဆုံး အယောက် (၅၀) ကျော် ဒဏ်ရာရခဲ့တဲ့အကြောင်း မျက်မြင်ကြုံတွေ့ ကုသပေးခဲ့တဲ့ ပရဟိတဆရာဝန်တယောက်က RFA ကိုပြောပြပါတယ်။
2021-02-20
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး လူထုလှုပ်ရှားမှုမှာ Generation Z မျိုးဆက်တွေက ရှေ့တန်းကနေ ဘာကြောင့် ပါဝင်နေကြသလဲ ဆိုတာကို ဆွေးနွေးထားပါတယ်။
2021-02-20
ဒီတစ်ပတ်မှာ "ကန့်ကွက်မှုများစွာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2021-02-20
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲဝင်လာတဲ့ ရဲကားတစီးကနေ အဲ့ဒီကင်းစောင့်နေတဲ့ ပြည်သူရဲ့ ဦးခေါင်းကို သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာလို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေသူတဦးက RFA ကိုပြောပါတယ်။
2021-02-20
RFA က ကနဦး သတင်းရရှိချက်အရ ဆန္ဒပြနေတဲ့ ပြည်သူနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လူ ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။
2021-02-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD နာယက ဦးဝင်းထိန်တို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ လိုက်ခွင့်ပါဝါရယူရေးမှာ အခက်အခဲတွေ အများကြီး ရှိနေပြီး ကာယကံရှင်တွေနဲ့ ခုချိန်ထိ တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
2021-02-20
အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ရပ်ဆိုင်းထားမယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာလိုက်ပါတယ်။
2021-02-20
မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် အဖမ်းခံရသူ စုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။