သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-25
တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ MNDAA ထိန်းချုပ်ထားတဲ့ဒေသတွေကို ကုန်စည်သယ်ဆောင်ခွင့်အပေါ် စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2025-01-25
စစ်ကောင်စီကိုယ်တိုင်ကလည်း ဒီလို မထိန်းချုပ်နိုင်တာကို ဝန်ခံထားပြီး မြို့နယ် ၁၆၁ မြို့နယ်မှာပဲ သန်းခေါင်စာရင်းကောက်ခံပြီး ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ပြောထားပါတယ်။
2025-01-25
အကျပ်အတည်းကာလမှာ စိတ်ကျန်းမာရေးကောင်းတဲ့ မြန်မာလူထု၊ မြန်မာအသိုင်းအဝိုင်းထူထောင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Jue Jue’s Safe Space တည်ထောင်သူ ဟာဝိုင်အီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် မဂျူဂျူးမင်းသူက ပြောပါတယ်။
2025-01-25
ဒီအမှုကို ဒီလိုတရားစီရင်ဖို့ ပြင်ပက အကူအညီမလိုအပ်ဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ က RFA ကို ပြောပါတယ်။
2025-01-25
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ အဆိပ်ကျည်ဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2025-01-25
၂ဝ၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကလည်း မဏိပူပြည်နယ်ကိုရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၃၈ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
2025-01-25
ဒီဥပဒေဟာ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းဖို့၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။
2025-01-25
သံချပ်ကာကား ခုနစ်စီးနဲ့အတူ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2025-01-25
ဒီလေးနှစ်အတွင်း PDF တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းတော်လှန်တဲ့အတွက် စစ်ကောင်စီက ခံစစ်အသွင်ပြောင်းရတဲ့ အနေအထား ရောက်လာပါတယ်။
2025-01-25
စာချုပ်မှာပါတဲ့ စက်ရုံမှာ အလုပ်မရသလို ရတဲ့အလုပ်မှာ ဝင်လုပ်နေပေမဲ့လည်း လုပ်ခလစာမရလို့ အခက်အခဲဖြစ်နေပါတယ်။
2025-01-25
ကျောက်တော်မြို့နယ် စကခ-၉ ကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကွပ်မျက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်လို့ စစ်စည်းကမ်းချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူထားတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
2025-01-25
ကန့်ဘလူမှာ မဘသဆရာတော် ဦးဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၀ ရက်ကနေ ဒီနေ့အထိ ငါးရက်အတွင်း အသက် ၁၈ နှစ်နဲ့ ၅၀ ကြားက အမျိုးသား လေးရာနီးပါး ဖမ်းဆီးခဲ့ပါတယ်။
2025-01-25
ကျောက်မဲမြို့နယ် ဆေးရုံကို စစ်ကောင်စီတပ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး ဆေးရုံတက်နေတဲ့ လူနာတွေ အပါအဝင် လူ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2025-01-25
ဗန်းမော်မြို့က စစ်တပ်ရဲ့ လက်ကျန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ခြေလျင်တပ်ရင်း ခလရ (၄၇) ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2025-01-25
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်တဲ့ အုပ်ချုပ်ရေးအမိန့်အရ ပြည်ပထောက်ပံ့မှုအစီအစဉ်အားလုံးနီးပါးကို ရန်ပုံငွေထပ်ပေးမဲ့ကိစ္စ ရပ်ဆိုင်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။