လာရောက်သူနည်းသွားတဲ့ ဦးပိန်တံတား

RFA Burmese
2023.07.13
လာရောက်သူနည်းသွားတဲ့ ဦးပိန်တံတား မန္တလးမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတားကို အမှီပြု လုပ်ကိုင်စားသောက်ကြသည့် ‌ဒေသခံများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။
RFA

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ မန္တလးမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတားကို ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိမှာတော့ လာရောက်သူနည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလးမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတား‌သို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလးမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတား‌သို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြည်ပခရီးသွား မရှိသလောက်နည်းသွားပြီး ပြည်တွင်းမှာလည်း မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်က ဒေသခံတွေကပဲ အားလပ်ရက်တွေမှာ လာရောက်လည်ပတ်လေ့ ရှိတယ်လို့ ဦးပိန်တံတားအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

မန္တလးမြို့မှ ဦးပိန်တံတား‌ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလးမြို့မှ ဦးပိန်တံတား‌ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"လာတဲ့သူဆိုတာလည်း တောနယ်တွေကများတယ်။ အရင်ကလို အဝေးက လာလည်တဲ့သူဆိုတာ ရှားတယ်လေ။ ခေတ်ကမကောင်း ကုန်စျေးနှုန်းတွေကလည်း တက်တော့ သူသူကိုယ်ကိုယ် သိပ်မဖြုန်းနိုင်ကြတော့ဘူး။ လာလည်တယ်ဆိုရုံ သက်သက်က များပါတယ်”

မန္တလးမြို့က ဦးပိန်တံတား‌ရှိ ‌‌ဈေးဆိုင်တချို့ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလးမြို့က ဦးပိန်တံတား‌ရှိ ‌‌ဈေးဆိုင်တချို့ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ခရီးသွားဧည့်သည် နည်းသွားတာကြောင့် ဦးပိန်တံတားက ဒေသခံတွေဟာလည်း ဝင်ငွေနည်းပြီး စားဝတ်နေရေးအခက်အခဲတွေ ကြုံရတယ်လို့ သူကဆိုပါတယ်။

မန္တလးမြို့မှ တောင်သမန်အင်းနဲ့ ဦးပိန်တံတား‌ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလးမြို့မှ တောင်သမန်အင်းနဲ့ ဦးပိန်တံတား‌ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တောင်သမန်အင်းနဲ့ ဦးပိန်တံတားကို အမှီပြု လုပ်ကိုင်စားသောက်ကြတဲ့ စျေးရောင်းချသူ၊ ငှက်လှေခတ်သူ၊ ခရီးသွားဝန်ဆောင်မှုပေးသူ ဦးရေဟာ ထောင်နဲ့ချီပြီး ရှိပါနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။