စစ်ကိုင်း အင်းစရွာက စစ်ဘေးဒုက္ခသည်များ

RFA Burmese
2023.04.24
စစ်ကိုင်း အင်းစရွာက စစ်ဘေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေကြသည့် အင်းစရွာ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အင်းစရွာကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဝင်ပြီး တစ်ရွာလုံးနီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

sagaing (8).jpeg
Photo: Citizen Journalist

အိမ်ခြေအလုံး ၄၁ဝ ရှိတဲ့ထဲမှာ အလုံး ၃၇ဝ ကျော် မီးရှို့ခံရတာဖြစ်ပါတယ်။ အဲဒီရွာနေတဲ့ ဒေသခံ ၁၅ဝဝ ကျော်ဟာလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

sagaing (5).jpeg
Photo: Citizen Journalist

နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိတဲ့ ရွာဘုန်းကြီးကျောင်းပါ မီးလောင်ပျက်စီးသွားတယ်လို့ ရွာသားတစ်ယောက်က RFA ကိုပြောပါတယ်။ ရွာခံသုံးယောက်ကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတယ်လို့ ဆိုပါတယ်။

sagaing (6).jpeg
Photo: Citizen Journalist

ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ အမိုးအကာမလုံလောက်တဲ့အပြင် သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် နေထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေပါ အခက်ကြုံနေပါတယ်။

sagaing (4).jpeg
Photo: Citizen Journalist

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက နေအိမ်အလုံးလေးပေါင်း ထောင့် ခုနှစ်ရာ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmarက ထုတ်ပြန်ထားပါတယ်။

sagaing (10).jpeg
Photo: Citizen Journalist
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။