စက်သုံးဆီမလုံလောက်မှုကြောင့် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရ

2022.04.19
yangon-fuel2.jpg

ရန်ကုန်မြို့ မြေနီကုန်းက SPC စက်သုံးဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသည့်ကားများကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။

petrol-station.jpg

၂ဝ၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပိတ်ထားသည့် စက်သုံးဆီဆိုင်တစ်ဆိုင်။

yangon-fuel1.jpg

ဧပြီလ ၁၉ ရက်နေ့က မြေနီကုန်း SPC စက်သုံးဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသည့်ကားများကို တွေ့ရစဉ်။

yangon-fuel3.jpg

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စက်သုံးဆီတစ်ဆိုင်တွင် ဧပြီလ ၁၉ ရက်နေ့က ဆီဖြည့်ရန် ကားများတန်းစီနေသည့်မြင်ကွင်းကို တွေ့ရစဉ်။

yangon-fuel4.jpg

ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ စက်သုံးဆီတစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသည့် ကားများ။

၂ဝ၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မှာ မကြာခင် စက်သုံးဆီပြတ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ကိုယ်ပိုင်ကားရှိသူတွေရော၊ အငှားယာဉ်မောင်းတွေပါ ဆီဆိုင်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီတိုးကြရတဲ့ မြင်ကွင်းတွေပါ။

တချို့ဆီဆိုင်တွေမှာ ၉၂ အမျိုးအစား ဓာတ်ဆီကို ကျပ်နှစ်သောင်းဖိုး အများဆုံးနဲ့ ၉၅ အမျိုးအစားကို ကျပ်ငါးသောင်းဖိုးပဲ အကန့်အသတ်နဲ့ ရောင်းပေးပြီး တချို့ဆီဆိုင်တွေဆို ပိတ်ထားတယ်လို့လည်း ကိုယ်တိုင်ဆီဖြည့်ခဲ့သူအချို့က ပြောပါတယ်။

ဧပြီလအစပိုင်းက စက်သုံးဆီဈေးတွေ ကျဆင်းခဲ့ပေမယ့် ဧပြီ ၁၉ ရက်နေ့မှာတော့ စက်သုံးဆီဈေးတွေက အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၂၀၀၀ ကနေ ၂၂၀၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၁၉၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်အထိ ဈေးတက်သွားတယ်လို့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက အမေရိကန်ဒေါ်လာ အဝင်အထွက်ကို ထိန်းချုပ်ထားတာကြောင့် ပြည်ပကနေ စက်သုံးဆီ မှာယူသူတွေ အပါအဝင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူမှန်သမျှ အမေရိကန်ဒေါ်လာကို အလွယ်တကူနဲ့ လိုသလောက်မရဘဲ ဖြစ်နေတဲ့အခြေအနေက စက်သုံးဆီတင်သွင်းရောင်းချမှု လုပ်ငန်းအပေါ် ထိခိုက်လာတာလို့ သုံးသပ်ပါတယ်။

စက်သုံးဆီစျေးနှုန်းတွေက ရန်ကုန်တစ်မြို့တည်းတင်မက မန္တလေးနဲ့ ပြည်မြို့တွေမှာလည်း ခုန်တက်သွားပြီး ဓာတ်ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရတဲ့အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။