ရောင်းလို့မရမှာ စိုးရိမ်နေတဲ့ တီးတိန်က ကြက်သွန်ဖြူ စိုက်သူများ
2024.04.04

ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ငင်နှုန်းကျေးရွာက ကြက်သွန်ဖြူစိုက်တောင်သူတွေက ကြက်သွန်ဖြူ သိမ်းနေတာဖြစ်ပါတယ်။
စိုက်ပျိုးလို့ ရလာတဲ့ ကြက်သွန်ဖြူတွေကို အရင်နှစ်တွေက ကလေး၊ တမူး၊ မန္တလေးနဲ့ မူဆယ် စတဲ့ ဒေသတွေအထိ တင်ပို့ရောင်းချခဲ့တာပါ။
ဒါပေမဲ့ အခုနှစ်မှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေလို့ ကြက်သွန် မရောင်းချရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်နှစ်တွေကတော့ ကြက်သွန်ဖြူ တစ်ပိဿာ သုံးထောင်ပေါက်ဈေးရှိခဲ့ပြီး ဒီနှစ်မှာ ကြက်သွန်ဖြူ တစ်ပိဿာကို ငါးထောင်ပေါက်ဈေးရှိနေတာကြောင့် အရင်နှစ်တွေကထက် ဈေးပိုကောင်းတယ်လို့ ဆိုပါတယ်။
ကြက်သွန်ဖြူတွေကို အောက်တိုဘာလကနေ စတင်စိုက်ပျိုးရပြီး နောက်တစ်နှစ် မတ်လအထိ ခြောက်လကြာပြီးနောက် ဧပြီလထဲမှာ ပင်ကောက်သိမ်းကြတာ ဖြစ်ပါတယ်။