ဗိုလ်ချုပ်သရုပ်ဆောင် ဘဝကနေ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်လာသူ
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုမြဖြိုးကိုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး တောတွင်းတစ်နေရာမှာ စစ်ရေး လေ့ကျင့်နေပါတယ်။
- 2021-12-01
-
-
-
ကျောင်းဆရာတစ်ယောက်လည်းဖြစ်တဲ့ အသက် ၂၇ အရွယ် ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရည်သွင်ပြင်၊ ပြုမှုနေထိုင်ပုံတွေနဲ့ အနီးစပ်ဆုံးတူဖို့ တစ်နှစ်နီးပါး လေ့ကျင့်ခဲ့ရပါတယ်။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ကိုမြဖြိုးကို ပါဝင်ရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ဇာတ်လမ်းရှည် ရိုက်ကူးရေးအစီအစဉ် ရပ်ဆိုင်းခဲ့ရပါတယ်။
မူလ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုကိုတော့ ပြည်တွင်းမှာ ပြသဖို့ မဖြစ်နိုင်သေးတဲ့အတွက် နိုင်ငံတကာမှာ ပြသဖို့ စီစဉ်ထားတယ်လို့ ကိုမြဖြိုးကိုက ပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားဖို့ ပြည်သူကို ကတိ သစ္စာပြုပါတယ်လို့ ကိုမြဖြိုးကိုက ပြောပါတယ်။
(Photo: MPA)