စားအုန်းဆီရဖို့ တန်းစီစောင့်ဆိုင်းနေသူများ
2022.08.30
စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်စျေးတွေ နှစ်ဆတိတိ စျေးတက်နေပါတယ်။
အာဏာမသိမ်းခင်က စားအုန်းဆီတစ်ပိဿာ ၅ဝဝဝ ကျပ်ရှိခဲ့ရာကနေ အခုဆိုရင် ၁၂ဝဝဝ ကျပ်အထိ ဖြစ်နေပြီလို့ ရန်ကုန်မြို့နေ အိမ်ရှင်မတွေဆီကနေ စုံစမ်းသိရပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတော့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆီတစ်ပိဿာ ၅ဝဝဝ နဲ့ လိုက်လံရောင်းချပေးနေပါတယ်။
စျေးသက်သက်သာသာနဲ့ ရောင်းချပေးတဲ့ ဆီဝယ်ယူဖို့ စီတန်းစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒါပေမဲ့ လူတစ်ဦးကို တစ်ပိဿာနှုန်းပဲ ရောင်းပေးပြီး လိုသလောက် ဝယ်မရဘူးလို့ ပြောကြပါတယ်။