မြဝတီတိုက်ပွဲက ဒုက္ခသည်အခြေအနေ
2010.11.12
ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နေ့က မြဝတီမြို့မှာ စတင်ခဲ့တဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် မြဝတီနဲ့ အနီးတဝိုက်က မြန်မာပြည်သူတွေ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ထွက်ပြေး ဝင်ရောက် လာနေပါတယ်။ ဒဏ်ရာရသူ တချို့ကို မဲဆောက် ဆေးရုံကြီးမှာ ကုသပေးနေပြီး သေဆုံးသူတချို့လဲ ရှိနေပါတယ်။ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေ တစိတ်တဒေသကို တင်ပြထားပါတယ်။