မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်သူ ၃၈ ဦးအထိရောက်
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေတဲ့သူ ၃၈ ယောက်ဖြစ်သွားပြီး တစ်ကမ္ဘာလုံးမှာတော့ ကူးစက်ခံရတဲ့သူ ၁၇ သိန်းကျော်၊ သေဆုံးတဲ့သူ ၁ သိန်းကျော်သွားပါပြီ။
-
2020-04-12 -
-
-
မွန်ပြည်နယ် ကြက်ခတ်ကုန်းကျေးရွာမှ ရှစ်ဦး ကို ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ဆေးရုံကြီး စောင့်ကြည့်လူနာဌာနကို ၂၀၂၀၊ ဧပြီ ၁၀ ရက်နေ့က ပို့ဆောင်စဉ်
Photo: Bo Win
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေတဲ့သူ ၃၈ ယောက်ဖြစ်သွားပြီး တစ်ကမ္ဘာလုံးမှာတော့ ကူးစက်ခံရတဲ့သူ ၁၇ သိန်းကျော်၊ သေဆုံးတဲ့သူ ၁ သိန်းကျော်သွားပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံတဲ့သူ အများဆုံးနိုင်ငံက အမေရိကန်ပြည်ထောင်စုဖြစ်နေပြီး ဒီမနက် ၃ နာရီလောက်ထိ စာရင်းအရ ကူးစက်ခံရသူ ၅ သိန်း ၂ သောင်းကျော် ရှိသွားပါပြီ။ ဒုတိယ အများဆုံး ကူးစက်ခံနေရတာက စပိန်နိုင်ငံဖြစ်ပြီး ၁ သိန်း ၆ သောင်းကျော်သွားပြီဖြစ်သလို၊ တတိယ အများဆုံးကတော့ အီတလီနိုင်ငံဖြစ်ပြီး ၁ သိန်း ၃ သောင်းနီးပါးကူးစက်ခံထားရပြီဖြစ်ပါ တယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။