မြို့ပြ အခြေခံလူတန်းစားတွေ စိုးရိမ်မှုနဲ့ ဝမ်းစာရှာနေရ

စစ်အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွဲသတ်ဖြတ်မှုတွေ ဖြစ်လာပြီးတဲ့နောက် ပြည်သူတွေဘက်ကလည်း ခုခံစစ်တွေဖြစ်လာပြီး မြို့ပြတွေမှာ ဗုံးခွဲတိုက်ခိုက်တာတွေ အဆက်မပြတ်ဖြစ်နေ ပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်တွေ လမ်းပိတ်ထားတာကို တွေ့ရစဥ်

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက အင်အားသုံး ပစ်ခတ် ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ အလားတူပဲ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာလည်း ဗုံးပေါက်ကွဲမှုသတင်းတွေ မကြာခဏ ဆိုသလို ကြားနေရပါတယ်။

ဒီလို လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေအောက်မှာ မြို့ပေါ်က လက်လုပ်လက်စား အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဘဝကို RFA သတင်းထောက် မိယဉ်စနိုင်း တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org