NLD ဦးဉာဏ်ဝင်း ပြောခဲ့သမျှ အမှတ်တရ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အချိန်ကတည်းက ဖမ်းဆီးခံ ထားရပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လက်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
- 2021-07-20
-
-
-
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း။
File Photo/RFA
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ စစ်တပ် အာဏာ သိမ်းလိုက်တဲ့အချိန်ကတည်းက ဖမ်းဆီးခံထားရပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
သူသက်ရှိထင်ရှားရှိနေချိန်က RFA က တွေ့ဆုံမေးမြန်းခန်းတွေ အလျဉ်းသင့်သလို ထုတ်လွှင့်ခဲ့ပါတယ်။ ဦးဉာဏ်ဝင်းပြောခဲ့တဲ့ အမှတ်တရ စကားတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နုတ် တင်ပြထားပါတယ်။