သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-31
ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက်ပိုင်း ဆန်လုပ်ငန်းရှင်တွေကို အစိုးရက ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေအတွက် ပြည်ပကို ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။
2020-03-30
ကိုရိုနာဗိုင်းရပ်စ်ဟာ တချို့လူနာတွေရဲ့ အသက်ရှူလမ်းကြောင်းမှာ သီတင်းငါးပတ်ထိ နေနိုင်တယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။
2020-03-29
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ နိုင်ငံရေး၊ လူမှုရေးတွေမှာ ဘယ်လို ကျင့်ကြံနေထိုင်သင့်လဲ ဆိုတာနဲ့ပတ်သက်လို့ ထင်ရှားတဲ့စာရေးဆရာတွေဖြစ်တဲ့ ဆရာညီပုလေးနဲ့ စာရေးဆရာမ မသီတာ (စမ်းချောင်း)တို့ရဲ့ အကြံပြုတိုက်တွန်းချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2020-03-27
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ လက်နဲ့ ကိုင်တွယ်မိလိုက်တဲ့အရာတွေကနေ အဓိကကူးစက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လူသန်းနဲ့ချီ နေ့စဉ်ကိုင်တွယ်သုံးစွဲနေကြတဲ့ ငွေစက္ကူပိုက်ဆံတွေကနေတဆင့် ဒီဗိုင်းရပ်စ်ကူးစက်တတ်သလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေတာပါ။
2020-03-26
ကိုရိုနာတိုက်ပွဲလို့ တင်စားပြီးတော့ ကမ္ဘာတဝှမ်း အစိုးရတွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အပူတပြင်း လုပ်ဆောင်နေချိန် - မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဆေးဝန်ထမ်းမရှိမှု၊ ဆေးပစ္စည်း မလုံလောက်မှုတွေ ကြုံနေပါတယ်။
2020-03-26
ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတော်တော် များများမှာ ရုံးအလုပ်တွေကို အိမ်ကနေ လုပ်နေကြသလို မြန်မာနိုင်ငံမှာလည်း အစိုးရဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အိမ်ကနေအလုပ်လုပ်ဖို့ အစိုးရက ညွှန်ကြား ထားပါတယ်။
2020-03-25
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပိုဆိုးလာတာကြောင့် မြဝတီ-မဲဆောက်နယ်စပ်ကနေ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသား အလုပ်သမား တစ်နေ့ကို သုံးထောင်ကျော် ရှိနေပါတယ်။ မြန်မာအစိုးရက သူတို့ကို အဖျားတိုင်းစစ်ဆေး၊ နေရပ်လိပ်စာ၊ လူစာရင်းမှတ်ထားပြီး နေရပ်အသီးသီးကို ပြန်ပို့ပေးနေပါတယ်။
2020-03-24
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ ဖြန့်ဝေတဲ့ထဲမှာ နာမည်ကြီး သတင်းဌာနတွေ သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
2020-03-24
AA အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုပိတ်ပြီး စစ်ဘောင်ချဲ့လိုက် တာမို့ ရခိုင်မှာ စစ်မီး ပိုတောက်လောင်ဖို့ရှိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-03-24
အခုအချိန်ဟာ တစ်ကမ္ဘာလုံး ညီညွတ်စွာ ဦးနှောက်သုံးပြီး ဆုံးဖြတ်လုပ်ကိုင်ရမယ့် အချိန်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြစ်တင်ငြင်းခုံကြရင်းနဲ့ သွေးရူးသွေးတန်း လုပ်ရမယ့် ကာလ လုံးဝ မဟုတ်တော့ ပါဘူး။
2020-03-23
ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာပါမှ ပြန်လာခွင့်ပြုမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် အလည်အပတ်သွားသူတွေနဲ့ ကျောင်းသားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေကြပါတယ်။
2020-03-23
Coronavirus ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့ သတင်းမှားတွေ ရေးသားဖြန့်ဝေတာတွေကို အရေးယူမယ်လို့ အာဏာပိုင်တွေက ပြောထားပေမယ့် သတင်းမှား၊ အချက်အလက်မှား ရေးသားဖြန့်ဝေတာတွေ ဆက်ပြီး ရှိနေပါတယ်။
2020-03-23
ကမ္ဘာမှာ အရင်ကဖြစ်ပွားတဲ့ ကပ်ရောဂါတွေအကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ထပ်မပြန့်ပွားအောင် ကြိုးပမ်းတဲ့အနေနဲ့ လေကြောင်းလိုင်းတွေ ဆိုင်းငံ့၊ နယ်စပ်တွေလည်း ပိတ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-03-20
ကိုရိုနာဗိုင်းရပ်စ် သယ်လာတဲ့ အာရှနိုင်ငံသားလို့ စွပ်စွဲခံရပြီး အမေရိကန်ရောက် မြန်မာမိသားစုတစ်စု ပြီးခဲ့တဲ့အပတ်က ဓားနဲ့ထိုးကြိတ် တိုက်ခိုက်ခံခဲ့ရပါတယ်။
2020-03-20
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အမေရိကန်၊ ဥရောပနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဘယ်လိုရင်ဆိုင်နေလဲ ဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။