သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-29
၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအပေါ် နိုင်ငံရေးပါတီ ပြောရေးဆိုခွင့် ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2019-03-28
ရခိုင့်တပ်မတော် AA ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး ချေမှုန်းဖို့ပြောကြားတာဟာ ငြိမ်းချမ်းရေးအလားအလာကို ထိခိုက်နိုင်တယ်လို့ သုံသပ်တာတွေ ရှိနေပါတယ်။
2019-03-28
လာမယ့် ရန်ကုန်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှု နည်းနေသလို တဖက်မှာလည်း မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေ လွဲမှားတာ၊ အမည်မပါဝင်တာတွေ ရှိနေပါတယ်။
2019-03-28
■ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တံတားမဆောက်ရသေးတဲ့ မြစ်တစ်စင်းလို ဖြစ်နေပါတယ်။
2019-03-27
ပြည်ထောင်စုလွှတ်တော်အတွင်း ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးအတွက် လူများစု NLD အမတ်များက အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေစဉ် တပ်မတော်ဘက်က စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။
2019-03-27
ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တင်းကြပ်ပေမယ့် ဝါဒဖြန့်ချိရေးအတွက် နိုင်ငံတကာ မီဒီယာတွေထဲ ထိုးဖောက်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေပါတယ်။
2019-03-26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ စက်လှေပြေးဆွဲနေတဲ့ ဒေသခံတစ်ဦးကို အစိုးရတပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
2019-03-24
ပဲခူးတိုင်းဒေသကြီးက ဆွာရေလှောင်တမံ ကျိုးကျလို့ နေအိမ်တွေပြိုလဲ၊ ပျက်စီးခဲ့တဲ့ ကျွန်းတောစုကျေးရွာ က နေအိမ်တချို့ကို ကျေးရွာအသစ်ကို မတ် ၂၁ ရက်ကစပြီး ပြောင်းရွှေ့ပေးခဲ့ပေမယ့် ကျေးရွာသစ်က နေအိမ်တွေ အတော်တော်များများဟာ ဆောက်လုပ်လို့ မပြီးသေးတာကြောင့် ဒေသခံတွေ အခက်ခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
2019-03-22
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းနေတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပြဒါးတစ်လမ်း သံတစ်လမ်းနည်းနဲ့ မရနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သုံးသပ်တင်ပြထားပါတယ်။
2019-03-22
ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခစစ်ပွဲတွေအတွင်း သေဆုံးရတာထက် မသန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ကနေ ဖြစ်လာတဲ့ ရောဂါတွေကြောင့် အသက် ၁၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်း သုံးဆပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာအေဂျင်စီက ဒီကနေ့ကျရောက်တဲ့ “ကမ္ဘာ့ရေနေ့မှာ”အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-03-22
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တစ်သိန်းကျော်ကို ကျွန်းတကျွန်းကိုပို့ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီးက ဒုက္ခသည်တွေရဲ့ ဆန္ဒအရ ဖြစ်စေရမယ်လို့ ပြောလိုက်ပါတယ်။
2019-03-21
မြန်မာနိုင်ငံကို ၂ဝ၁၇ ခုနှစ်က ရောက်လာဖူးတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီး Volker Turk ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိချိန်အတွင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်
2019-03-21
ဆန်စပါးနိုင်ငံဖြစ်တဲ့ မြန်မာအနေနဲ့ အခုအခါ ပြည်ပကို ဆန်တင်ပို့ရာမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအထဲမှာ ဈေးကွက်ကိစ္စ၊ မျိုးကောင်းမျိုးသန့် ရရှိရေးကိစ္စတွေ ပါဝင်နေတယ်လို့ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။
2019-03-21
ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံထားရတဲ့ ANP ပါတီခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်ဟာ ပြည်ထောင်စုပြိုကွဲရေး လှုံ့ဆော်မှုနဲ့ အကျဉ်းချခံရတာမို့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ မရှိကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2019-03-20
တရုတ်တစ်သျှူးငှက်ပျော သတင်းရေးသားမှုနဲ့ ပတ်သက်ပြီး မြစ်ကြီးနားဂျာနယ်နဲ့ သခင်စစ်ကုမ္ပဏီအကြား အပြန်အလှန် တရားစွဲဆိုထားမှုတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားပါတယ်။