သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-06
စစ်ကောင်စီဟာ အကျဉ်းထောင်၊ အချုပ်ထောင်သစ်တွေကို ထပ်ပြီးဆောက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
2023-07-05
အာဏာရှင်တွေဟာ အချင်းချင်း တယောက်နဲ့ တယောက် ဖလှယ်ကြ၊ နည်းနာယူကြ၊ ပုံတူကူးကြတယ်ဆိုတာ ဗြိတိန်နိုင်ငံ Bath တက္ကသိုလ်ပါမောက္ခ အထောက်အထားတွေနဲ့ ရေးသားထားပါတယ်။
2023-07-05
ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ကျေးရွာဘက်မှာ စစ်တပ်နဲ့ KIA တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2023-07-05
မိုခါမုန်တိုင်းတိုက်ခဲ့တာ နှစ်လနီးပါး ကြာလာတဲ့အထိ အကူအညီတွေ အလုံအလောက် မရသေးတာကြောင့် အမြန်ဆုံးရဖို့ မျှော်လင့်နေတယ်လို့ ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ပြည်သူတွေက ပြောပါတယ်။
2023-07-04
စစ်ရေးပဋိပက္ခတွေနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်နေပါတယ်။
2023-07-04
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်ကနေ ဇူလိုင်လ ၄ ရက် ဒီနေ့အထိ တစ်လကျော်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တယ်။
2023-07-03
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောနိုင်ငံ သမ္မတ José Ramos-Horta (ဟိုဆေးရာမို့စ်ဟော်တာ) က သီးသန့် လက်ခံတွေ့ဆုံခဲ့ပါတယ်။
2023-07-03
အိန္ဒိယက မြန်မာကို စစ်လက်နက်တွေ ရောင်းနေတာဟာ စစ်ရာဇဝတ်မှုကို အားပေးရာရောက်တာကြောင့် နိုင်ငံတကာက တားဆီးဖို့ လိုအပ်တယ်လို့ နိုင်ငံရေး စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
2023-07-03
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လုယက်တာတွေ အရင်ထက်ပိုများလာပါတယ်။
2023-07-02
အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ သွားလို့မရအောင် အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ထားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
2023-07-02
ဘန်ကောက်မြို့ ကုလရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံအရေး ဆန္ဒပြနေကြပါတယ်။
2023-07-02
ခင်ဦးမြို့နယ်အတွင်း ရွာပေါင်း ၁၄ ရွာက အရပ်သား ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-07-01
ကလလတ အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကလလတ ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်လောရင်းစိုး ကပြောပါတယ်။
2023-07-01
အရှေ့တီမော ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အရှေ့တီမော သမ္မတ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta က တရားဝင်ဖိတ်ကြားခဲ့ပါတယ်။
2023-07-01
ပုသိမ်ကြီးမြို့နယ်က အိမ်တစ်သောင်းနီးပါး လယ်ယာမြေပေါ်မှာ ဆောက်လုပ်ထားတာကြောင့် လယ်ယာမြေဥပဒေနဲ့ မညီတဲ့အတွက် ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပါတယ်။