သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-09
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခွင့်၊ လွှတ်တော် ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခွင့်၊ အစိုးရ အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီ ကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃၀ လောက်ကို မဲခွဲဆံုံးဖြတ်ရာမှာ ထောက်ခံ သူနည်းတာကြောင့် အရေးကြီးပုဒ်မအားလုံး မပြင်ဆင်နိုင်တော့ဘဲ အားလံုံးနီးပါး ရှုံးနိမ့် သွားပါတယ်။
2015-07-08
၁၉၆၂ ဇူလိုင် ၇ ရက်နေ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှု ကို ဦးနေဝင်းစစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ ပြီးနောက် ၈ ရက်နေ့ မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။
2015-07-08
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီးတရားစွဲ ခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၁ ဦးကို သာယာဝတီခရိုင် တရားရုံးမှာ မနေ့က အာမခံပေးလိုက်ပါတယ်။
2015-07-08
၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ မိတ္ထီလာ၊ ပုသိမ် စတဲ့ မြို့တွေမှာ ကျောင်းသား၊ ကျောင်း သူတွေက ကျင်းပခဲ့ပါတယ်။
2015-07-08
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းမှာပါရှိတဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကြား အာဏာခွဲဝေမှု၊ အခွန်ခွဲဝေမှုဆိုင်ရာတွေ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-07-08
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားထုအခွင့်အရေး တောင်းဆိုကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဗိုလ်ချုပ်နေဝင်းအစိုးရက အင်အား သုံးဖြိုခွင်းခဲ့ရာ ဆဲဗင်းဂျူလိုင်လို့ ခေါ်တဲ့ ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။
2015-07-06
ကျောက်မီးသွေးသုံးစက်ရုံတွေအတွက် ရှမ်းပြည် နယ်မှာ တူးဖော်တဲ့ ကျောက်မီးသွေးတွေကို တရုတ် နဲ့ ဂျပန်နိုင်ငံလုပ် ၁၁ ဘီး၊ ၂၂ ဘီး ကုန်ကား ကြီးတွေနဲ့ မန္တလေး၊ လားရှိုး စတဲ့နေရာတွေကို ပို့ဆောင်နေတဲ့အတွက် လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်ပြီး ဒေသခံတွေ ခရီးသွားလာရေး အခက်အခဲကြုံရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2015-07-03
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းရဲ့ သဘောထားနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ကိုယ်စားလှယ်အဖြစ် က ပြန်လည်ရုပ်သိမ်းပေးဖို့ ကော်မရှင်ထံ တင်ပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ မူကြမ်းမှာတော့ အဲဒီပုဒ်မကို ပယ်ဖျက်ထားပါတယ်။
2015-07-02
၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေ တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ % လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ၃ဝ ကျော်လောက်က ဆန္ဒပြ တောင်းဆိုခဲ့တဲ့အပေါ် ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။
2015-07-01
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ချက်အရ တိုင်းရင်းသား ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ တိုင်းဒေသကြီးနဲ့ ပြည် နယ်လွှတ်တော်က ရွေးချယ်သူကိုသာ ဝန်ကြီးချုပ် အဖြစ်ခန့်ထားရေးစတဲ့ ကိစ္စရပ်တွေကို ပြည်ထောင် စု လွှတ်တော်မှာ ဆွေးနွေးနေကြပါတယ်။
2015-07-01
၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအပေါ် မြန်မာပြည်သူလူထုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလောက် စိတ်ဝင်စားမှုမရှိသလို တက်အားတက်ကြွမှုတွေလည်း သိပ်မတွေ့ရဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
2015-07-01
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ ကျောင်းသား ကျောင်းသူ ၃၀ ကျော်က ဒီနေ့ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-07-01
တစ်နိုင်ငံလုံးက အလုပ်သမားတွေအတွက် တစ်နေ့လုပ်ခ ကျပ် ၃၆ဝဝ နှုန်းနဲ့ သတ်မှတ်လိုက်ကြောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီနေ့ အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2015-06-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော်ကောင်စီနယ်မြေမှာ ပြီးခဲ့တဲ့ စနေနေ့က တစ်အိမ်ဆင်း တစ်အိမ်တက် သွားရောက်ခဲ့ပြီး မဲစာရင်းတွေကို သွားရောက် စစ်ဆေးကြဖို့ တိုက်တွန်နှိုုးဆော်ခဲ့သလို မဲစာရင်း နဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ ပြောပါတယ်။
2015-06-28
အစိုးရသတင်းစာတွေထဲမှာ ကြေညာထားတဲ့ အကျဉ်းထောင်ဥပဒေမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် သီးသန့်ပြဌာန်းချက်တွေ မပါ တာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အကျဉ်းထောင်များ ဥပဒေကြမ်းနဲ့ နိုင်ငံရေးအကျဉ်းသားများ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို မနေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။