သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ မြို့မဘောလုံး အားကစားကွင်းမှာ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးဟောပြောပွဲကို ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
2015-07-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလော ကမာရဇိန် ဘုရားဓမ္မာရုံမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲကို ဒီနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2015-07-24
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေဟာ အခုလ ၂၂ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေး ထိုးနိုင်ဖို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-07-24
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တချို့မှာ လုံခြုံရေးအခြေအနေကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။
2015-07-24
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မယ့် နိုင်ငံရေးပါတီတွေထဲမှာ ပါတီတစ်ခုစီကို မဲဆန္ဒနယ် ၃ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင် ကြမယ့် ပါတီ ၂ဝ လောက်ရှိပါတယ်။
2015-07-22
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အချော သတ်လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
2015-07-22
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နိုင်ငံရေးပါတီ ၈၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့အတွက် ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-07-22
လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၆ ဦး နဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၁ ဦးတို့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပါတယ်။
2015-07-20
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝ နာရီ ၃၇ မိနစ်က နယ်ချဲ့လက်ပါးစေတွေရဲ့ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်တွေ ကျဆုံးခဲ့ရတာ ဒီကနေ့ ၆၈ နှစ်ပြည့်ခဲ့ပါပြီ။
2015-07-19
ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က အာဇာနည်စိတ်ဓာတ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်အကြောင်းတွေ ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
2015-07-19
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အသက် ၃ နှစ် ကနေ ၈ နှစ်အရွယ်သာရှိကြတဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေဟာ အခု ဆိုရင် အသက် ၇၀ တန်းအရွယ်တွေဖြစ်နေကြပါပြီ။
2015-07-19
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဇူလိုင်လ ၁၉ ရက် နေ့ဆိုရင် ၆၈ နှစ်မြောက် ပြည့်ပြီဖြစ်ပါတယ်။
2015-07-15
မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာနအသီးသီး က ခေါင်းစဉ်အမျိုးမျိုးပြပြီး ဘတ်ဂျက် အသုံး စရိတ်တွေ သုံးစွဲနေ ကြတာကို ၅၇ ရာခိုင်နှုန်း အထိဘဲ စစ်ဆေးနိုင်သေး တယ်လို့ ပြည်သူ့ လွှတ်တော် ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက မနေ့က ပြည်ထောင် စုလွှတ်တော်မှာ တင်ပြသွားခဲ့ပါတယ်။
2015-07-12
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ် ပါတီ(ကျားဖြူ) ပါတီရဲ့ မြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းအပါအဝင် ပါတီဝင် တစ်သောင်းကျော်လောက်ဟာ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။
2015-07-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက် ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုမျှော်လင့်နိုင် မလဲဆိုတာကို ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။