သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-02
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သင်္ဘောဆိပ်ကျေးရွာဟာ တံငါလုပ်ငန်းနဲ့ ရပ်တည်ကြတဲ့ ကျေးရွာဖြစ်ပါတယ်၊ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ရင် လနဲ့ချီကြာတာကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ဟာ အဲ့ဒီရွာက ရေလုပ်သားအတော်များများ ပင်လယ်မှာ ငါးဖမ်းတဲ့အချိန်ဖြစ်နေတာကြောင့် မဲမပေးနိုင်သူတွေ အတော်များများရှိမှာဖြစ်ပါတယ်။
2015-09-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ မနက်က စစ်ကိုင်းတိုင်းဒေသ ကြီး ဟုမ္မလင်းမြို့မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2015-09-28
ရွေးကောက်ပွဲကော်မရှင်အသီးသီးကထုတ်ပြန်ပေးတဲ့ မဲဆန္ဒရှင်စာရင်းအမှားတွေနဲ့ ကျင်းပ မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှာမဟုတ်သလို၊ ရလာဒ်ကလည်း မကောင်းနိုင်ဘူးလို့ လေ့လာစောင့် ကြည့်သူတွေ က ပြောကြပါတယ်။
2015-09-25
မျိုးစောင့်ဥပဒေလေးခုကို ပြဌာန်းနိုင်တဲ့ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုပွဲကိုအမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့တွေက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တပေါင်းကွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီကနေ့ တပြိုင် နက်တည်း ကျင်းပခဲ့ပါတယ်။
2015-09-25
ကချင်ပြည်နယ်မှာ ပူတာအိုခရိုင်မှာ လက်ရှိ လမ်းတံတားတွေ ပျက်စီးနေပြီး သွားလာရေးခက်ခဲနေတာကြောင့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့အတွက် ကျေးရွာတွေကို သွားလာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2015-09-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ဟာ မဲဆန္ဒနယ် တစ်ခု အတိုင်းအတာနဲ့ဆိုရင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အများဆုံး ဝင်ရောက်ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်မြေဖြစ်ပါတယ်။
2015-09-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
2015-09-19
ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံ သားများအနေနဲ့ မဲစာရင်းတွေမှာ မိမိတို့အမည် ပါမပါ သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းထားတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က ဖေ့ ဘုတ် လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ တင်ပြလိုက်ပါတယ်။
2015-09-18
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဘာသာရေးကို နည်းလမ်းတစ်ခုအနေနဲ့ အသုံးချ ပြီး သွေးခွဲခြင်းနဲ့ ပဋိပက္ခဖြစ်ပေါ်လာနိုင်တဲ့ အခြေနေတွေအပေါ် စိုးရိမ်တယ်လို့ သံရုံး (၉) ခု ကြေညာချက် ထုတ်ပြန်လိုက်တဲ့သလိုပဲ နိုင်ငံရေး ပါတီတချို့မှာလည်း အလားတူ စိုးရိမ်ကြတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2015-09-18
ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တစ်ဦးကို မဲဘယ်နှစ်မဲ ပေးကြရမယ်ဆိုတာကို အများစုဟာ နားလည်ကြတာ မရှိသေးဘူးလို့ ပြောကြပါတယ်။
2015-09-18
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး နေရာအတော်များများမှာ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေကြပါတယ်။
2015-09-16
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ရပ်ဝန်းက သဘင်ဆောင်မှာ ကျင်းပခဲ့ပါတယ်။
2015-09-16
မနေ့ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ကြေညာရာမှာ အရင် က ကြေညာတဲ့ပုံစံနဲ့ မတူဘဲ ပုံစံပြောင်းသွားတဲ့ အတွက် မဲစာရင်း ပါမပါ မှန်၊ မမှန် စစ်ဆေးသူတွေ အခက်အခဲတွေ ရှိနေသလို တချို့ကျေးရွာတွေမှာ မဲစာရင်းမထုတ်ပြန်နိုင်သေးတာတွေရှိတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသ ခံတွေ ပြောကြပါတယ်။
2015-09-13
လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင် မယ့် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ကာကွယ်ရေးဝန်ကြီး ဦးဝေလွင်ဟာ ဒီကနေ့ မနက် ပိုင်းက သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမှာ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-09-13
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ ဒီကနေ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း သူရဦးရွှေမန်းနဲ့ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်တို့ အပြိုင် မဲဆွယ်ခဲ့ကြပါတယ်။