သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-23
မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဘဏ္ဍာရေးနဲ့ တခြားအကူအညီတွေ ဖြတ်တောက်ပြီး ဝိုင်းပယ်ကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ တိုက်တွန်းချက်ကို EU ဥရောပသမဂ္ဂက အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-05-22
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi နဲ့ တွေ့ဆုံချိန်မှာ သွားရေးလာရေး အဆင်ပြေပေမဲ့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတဲ့အကြောင်း တင်ပြတယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်ဆလင် ဒေသခံတယောက်က ပြောပါတယ်။
2019-05-22
ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာ တိုက်ပွဲဖြစ်ပွားတာ၊ ညမထွက်ရအမိန် ထုတ်ပြန်ထားတာတွေကြောင့် လယ်ယာမြေဧကပေါင်း တစ်သိန်းနီးပါးမှာ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ဖို့ အခက်အခဲဖြစ်နေတာကြောင့် အစိုးရအနေနဲ့ စီမံဆောင်ရွက်ပေးဖို့ ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ က တိုက်တွန်းလိုက်ပါတယ်။
2019-05-21
၈၈ မျိုးဆက် က မနီလာသိန်းကို ဗိုလ်တထောင်ရဲစခန်းက မနေ့ညမှာ လာရောက်ဖမ်းဆီးပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-05-20
UNHCR မဟာမင်းကြီးနဲ့အဖွဲ့ ဒီကနေ့ ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး ဘူးသီးတောင် မောင်တော နဲ့ စစ်တွေက မွတ်စလင်ဒုက္ခသည်တွေနဲ့တွေ့ဆုံမယ်လို့သိရပါတယ်။
2019-05-19
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျပြီး စီးပွားရေးနဲ့ စစ်ရေးကဏ္ဍ နှစ်ရပ်စလုံးမှာ အသုံးဝင်တယ်လို့ နိုင်ငံတကာက သုံးသပ်တာကို ဒေါ်စမ်းစမ်းတင် က တင်ပြပါမယ်။
2019-05-18
အစိုးရနဲ့ NCA စာချုပ်မှာလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ နဲ့ဖွဲ့စည်းထားတဲ့ PPST အဖွဲ့ကနေ KNU က နုတ်ထွက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရှေ့ဆက် မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဖုအထစ်တွေဖြစ်လာမှာကို နိုင်ငံရေးလေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
2019-05-17
ရန်ကုန်တိုင်းအစိုးရတရားဝင်ခွင့်ပြုထားတဲ့ တောင်ဒဂုံမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲနေရာကို တားဆီးပိတ်ပင်တဲ့အဖွဲ့က ဦးဆောင်သူ ဦးမိုက်ကယ်ကျော်မြင့်နဲ့ အခြားသူ ၂ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးက အမှုဖွင့်လိုက်ပြီလို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
2019-05-17
မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြင်ဆင်မွမ်းမံဖို့အတွက် French Development Agency ဆိုတဲ့ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီကနေ ယူရိုငွေ ၃၅ ဒဿမ ၇ သန်းချေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ကြာသပတေးနေ့မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။
2019-05-17
မြန်မာနိုင်ငံမှာ မကြာခဏဖြစ်ပွားလေ့ရှိလာတဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သဘောထားအမြင်တချို့ကို ဦးသစ်ဆင်းက တင်ပြမှာပါ။
2019-05-16
သတင်းမီဒီယာသမားတွေကို မီဒီယာဥပဒေနဲ့မသက်ဆိုင်တဲ့ အခြားဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်တာ၊ ခေါ်ယူမေးမြန်းစစ်ဆေးတာ၊ ဖမ်းဆီးချုပ်နှောင်နေတာတွေ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-05-16
မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ ရေရှည်ဖြည့်ဆည်းပေးဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအရေးကိစ္စဆိုင်ရာ လက်ထောက် အထွေအထွေအတွင်းရေးမှူးချုပ် အာရ်ဆူလာ မြူလာရဲ့ တိုက်တွန်းချက်အပေါ် ပြည်တွင်းပြည်ပ အကူအညီပေးနေသူတွေရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။
2019-05-16
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အနိုင်ရပါတီက ရွေးချယ်သူတွေ ဝန်ကြီးချုပ်ဖြစ်လာနိုင်ရေးအတွက် ပြင်ဆင်မယ့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ လာမယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်စရာ နည်းသွားပြီလို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2019-05-15
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်က ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ညက လူ ရာဂဏန်းလောက်က ပိတ်ပင်ဖို့ ဝိုင်းဝန်းခဲ့ကြပါတယ်။
2019-05-15
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM တဖက်သတ်ရေးထားတာဖြစ်ကြောင်း မနေ့က FFM က မြန်မာ့တပ်မတော်ကို အကူအညီတွေဖြတ်တောက်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းခဲ့ပြီး တပ်မတော်အပေါ် သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တာကလွဲလို့ ကျန်တဲ့ ထိခိုက်မှုမရှိကြောင်း တပ်မတော်က ပြောပါတယ်။