မြန်မာဘက်ပြန်မလာချင်တဲ့ ဒုက္ခသည်များ
မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2018-11-15 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ Unchiprang ဒုက္ခသည်စခန်းက မပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြစဉ်
Photo: Dibyangshu SARKAR / AFP
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံဘက်သွားဖို့ ကားတွေနဲ့လာခေါ်စဉ်မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာနိုင်ငံကိုပြန်ဖို့ စာရင်းပါနေသူတွေ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးနေသွားကြတာတွေ ရှိခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။