ပလက်ဝနဲ့ဆမီးဒေသမှာ ဒုက္ခသည်တွေရိက္ခာလိုနေ
မြန်မာနိုင်ငံအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အပြင်မထွက်ပဲနေနိုင်ဖို့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား အခမဲ့ဝေနေချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေမှာတော့ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေပါတယ်။
-
2020-04-12 -
-
-
ချင်းပြည်နည်၊ ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ဆမီးမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ပြည်သူတွေကို ၂၀၂၀၊ မတ် ၁၈ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဦးဇော်လီအောင်
မြန်မာနိုင်ငံအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အပြင်မထွက်ပဲနေနိုင်ဖို့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား အခမဲ့ဝေနေချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေမှာတော့ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေပါတယ်။ ပလက်ဝနဲ့ဆမီးကြားမှာ မြန်မာ့တပ်မတော်က လမ်းကြောင်းရှင်းလင်းရေး လုပ်နေသလို၊ ရက္ခိုင့်တပ်တော်ကလည်း ဒေသတွင်းနေထိုင်တဲ့ လူမျိုးစုံ တန်းတူညီမျှရေးအတွက် ဆက်ကြိုးစားမယ်လို့ ပြောပါတယ်။
ပလက်ဝနဲ့ ဆမီးဒေသက အခြေအနေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။