ကိုးကန့်ဒေသ စောင့်ကြည့်စခန်းမှာ နယ်စပ်ဖြတ်ပြန်လာသူ အများအပြားရှိနေ

တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ပြန်လာတဲ့သူတွေ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့ တို့မှာ တစ်ထောင်ကျော် ရောက်နေကြတဲ့အတွက် သူတို့အားလုံးကို စောင့်ကြည့်စခန်းတွေမှာထားဖို့ အခက်အခဲဖြစ်နေ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှာ တရုတ်ပြည်က ပြန်လာသူတွေကို ၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရစဉ် Photo: Kan Thar/RFA

တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ပြန်လာတဲ့သူတွေ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင် မြို့တို့မှာ တစ်ထောင်ကျော် ရောက်နေကြတဲ့အတွက် သူတို့အားလုံးကို စောင့်ကြည့်စခန်းတွေမှာထားဖို့ အခက် အခဲဖြစ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေဟာ မကွေးတိုင်းထဲက အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ လောက်ကိုင်မြို့နယ် မိုးလုံလေလုံကစားကွင်း၊ အထက (၁) စာသင်ကျောင်း၊ စက်မှုလူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်း ကျောင်း၊ ရန်လုံကျိုင်းဆေးဖြတ်စခန်းဟောင်း စတဲ့နေရာငါးခုမှာ ကျန်းမာရေးစောင့်ကြည့်တာတွေလုပ်နေရ ပါတယ်။

ချင်းရွှေဟော်နယ်စပ်ကနေ ဝင်လာသူတွေကိုတော့ မြို့တော်ခန်းမနဲ့ လုံ ထန်စာသင်ကျောင်းမှာ နေရာချထား ပေးတယ်လို့ လောက်ကိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒီမနက်စာရင်းအရ လူဦးရေ ထောင့်တစ်ရာဝန်းကျင်ရှိနေပြီး လူတစ်ဦးအတွက် ကုန်ကျစရိတ်က  တစ်ရက် ၄၀၀၀  လောက်ရှိတယ်လို့ ဆိုပါတယ်။

တဘက်တရုတ်နိုင်ငံ လင်ချန်းနဲ့ မိန်းတိန်မြို့တွေက ကြက်ခုတ်လုပ်ငန်းတွေ၊ စက်ရုံတွေ၊ စိုက်ပျိုးရေးနဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာပါ။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေချိန် ဖေဖော်ဝါရီလထဲကနေ ကိုးကန့်နယ်စပ်ဒေသကနေ မြန်မာနိုင်ငံသားအများစု နေရပ်ပြန်လာနေကြတာပါ။   ရောဂါအခြေအနေ စောင့်ကြည့်ပြီး နေရပ်မပြန်ဘဲ အလုပ်လုပ်ပြီးတဲ့အထိ ဆက်လုပ်နေကြသူတွေလည်း ရှိပါတယ်။

ဧပြီလ တစ်ရက်နေ့ကစပြီး တရုတ်ကပြန်လာသူတွေကို နယ်စပ်ကျန်းမာရေးစောင့်ကြည့်တဲ့စခန်းတွေမှာ နေရာချထားပေးပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org