အင်တာနက်ဖြတ်တောက်ခံရပြီးနောက် ကချင်ပြည်နယ်က စစ်ရေးနိုင်ငံရေးအခြေအနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်က စပြီး အင်တာနက် ပြတ်တောက်သွားခဲ့ပြီး ၂၁ ရက်နေ့ ညနေပိုင်းအထိ ပြန်မရသေး ကြောင်းသိရ ပါတယ်။ ဝိုင်ဖိုင်၊ မိုဘိုင်း ဒေတာ၊ မိုင်တဲ၊ အော်ရီဒူး စတဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားခဲ့တာပါ။ ဒေသခံတွေကို တစုံတရာ အကြောင်းကြားမှုမရှိဘဲ ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်က ကချင်ပြည်နယ်မှာ တွေ့ရတဲ့ KIA က တပ်သားတစ်ဦး။ Photo: AFP

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်က စပြီး အင်တာနက် ပြတ်တောက်သွားခဲ့ပြီး ၂၁ ရက်နေ့ ညနေပိုင်းအထိ ပြန်မရသေးကြောင်းသိရ ပါတယ်။ ဝိုင်ဖိုင်၊ မိုဘိုင်း ဒေတာ၊ မိုင်တဲ၊ အော်ရီဒူး စတဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားခဲ့တာပါ။ ဒေသခံတွေကို တစုံတရာ အကြောင်းကြားမှုမရှိဘဲ ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ ဖားကန့်၊ လုံးခင်း၊ ဟွေခါး စတဲ့ နေရာတွေ အပါအဝင်၊ ကျော်စိမ်းလုပ်ကွက်တွေရှိတဲ့နေရာအားလုံး အင်တာနက်မရကြကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်းမှာ ဝိုင်ဖိုင် အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပြီး၊ နောက်နေ့မနက်မှာ လိုင်းပြန်ရကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။ အင်တာနက်ပြတ်သွားခဲ့တဲ့ညက ဖားကန့်မြို့က ပြည်သူတချို့ကို စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခဲ့ကြောင်း၊ ဘယ်သူတွေ အဖမ်းခံရတယ်၊ ဘယ်နှဦး ဖမ်းဆီးခံရတယ်ဆိုတာတော့ မသိရသေးကြောင်းလည်း ပြောပါတယ်။

တယ်လီနော ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးကတော့ ကချင်ပြည်နယ်အတွင်း မြို့အတော်များများကို အင်တာနက်ဖြတ်တောက်မယ်လို့ ရုံးတွင်း လျှို့ဝှက်သတင်းအနေနဲ့ ကြားခဲ့ရကြောင်း၊ နိုင်ငံရေး ကြောင့်ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မတ်လ ၁၆ ရက်နေ့က အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: Reuters)

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ချိန်ကလည်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့ကို ကာလအတန်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

အခုအခါ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး၊ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တချို့နဲ့ KIA တို့ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရပါတယ်။

ကေအိုင်အေအနေနဲ့ ဖားကန့် ကျောက်စိမ်းနယ်မြေကို ထိန်းချုပ်ထားနိုင်တဲ့အတွက် မြန်မာစစ်တပ်အပေါ် စီးပွားရေးအရရော နိုင်ငံရေးအရပါ အထိနာစေတာဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံကို အာဏာမသိမ်းခင် ကေအိုင်အေက အပစ်အခတ်ရပ်စဲဖို့ စစ်တပ်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုလတ်တလော စစ်တပ်က ကေအိုင်အေအပေါ် ထိုးစစ်ဆင်လာနေတာကြောင့် စစ်ရေးပဋိပက္ခတွေ ပြန်လည် ပေါ်ပေါက်လာနေပါတယ်။ မတ်လကစပြီး ကချင်ပြည်နယ်အတွင်း ကေအိုင်အေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖားကန့်အပါအဝင် နေရာအနှံ့မှာ ဖြစ်ပွားခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေကြသူများကို တွေ့ရစဉ်။ (File Photo: Reuters)

ကျောက်စိမ်းလုပ်ငန်းကနေ နှစ်စဉ်အမေရိကန် ဒေါ်လာ ၃၁ ဘီလျံဝန်းကျင် ရရှိနေတာမို့ ဖားကန့်ကျောက်စိမ်းတွင်းတွေကို လုံး၀ ထိန်းချုပ် နိုင်ရေး ဟာ ကေအိုင်အေ အတွက် လုံး၀ အခရာကျတဲ့ စီးပွားရေးဆိုင်ရာ ပဋိပက္ခဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကျောက်စိမ်းအပေါ် မှီခိုအားပြုနေကြ ရတာပါ။ အဲဒီထဲမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် တရုတ်ကုန်သည်တွေကလည်း အဓိကအခန်းက ရှိနေပါတယ်။

ဒီအတွင်း မြန်မာ့တပ်မတော်အနေနဲ့ အချိန်မရွေး တိုက်ပွဲဝင်ဖို့ အဆင်သင့် အနေအထားမှာ အမြဲရှိနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောလိုက်ပါတယ်။ ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်း ဆန့်ကျင်သူတွေကို အရှိန်မြှင့်ချေမှုန်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အမိန့်ပေးထားပြီး တခြားအကြီးတန်းအရာရှိတွေကိုလည်း တိုက်ပွဲအတွက် အသင့်ဖြစ်နေဖို့ ဆော်ဩထားပါတယ်။ ဒါ့ပြင် စစ်ဆေးရေး ဂိတ်တွေ ပိုမို ချထားဖို့၊ လူနေရပ်ကွက်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးဖို့လည်း ညွှန်ကြားထားပါတယ်။ နိုင်ငံတွင်းမှာ စစ်အစိုးရ ဆန့်ကျင်ရေး အရပ်ဘက်အဖွဲ့တွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေ နေ့စဉ်လို ပေါ်ပေါက်နေစဉ်အတွင်း နေပြည်တော် ထိပ်ပိုင်း ခေါင်းဆောင်တွေ ဆီကနေ အဲဒီအမိန့် ထွက်ပေါ် လာခဲ့တာပါ။ ဒီလအတွင်း ရန်ကုန်မြို့လယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ မကြာခဏ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်မြို့ပတ် ရထား ပေါ်မှာ ရဲတပ်ဖွဲ့ဝင်လေးဦး တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်ကောင်စီဟာ အခြေအနေတွေကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ဘဲ အင်အားသုံး အကြမ်းဖက်ခဲ့တာကြောင့် အခုထိ သေဆုံးသူ တစ်ထောင်ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ လေးထောင်ကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org