Gen Z Burma အဖွဲ့ဝင် အနုပညာရှင်တချို့ ထိုင်း-မြန်မာနယ်စပ် ရောက်ရှိ
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်တချို့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေပါတယ်။
-
နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021-04-28 -
-
-
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်တချို့။
Photo: Free Burma Rangers
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်တချို့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေပါတယ်။
သူတို့တွေကတော့ - ထင်ရှားတဲ့ အနုပညာတွေဖြစ်ကြပြီး၊ ဒီအထဲမှာ အာဏာသိမ်းစစ်ကောင်စီကနေ ၅ဝ၅ (က) တပ်မတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ထားတဲ့ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်း၊ တခါ စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုးစားနေတဲ့ Miss Golden Land Myanmar ရဲ့ CEO နဲ့ Founder တွေဖြစ်ကြတဲ့ ဟန်ဇော်လတ်နဲ့ ဝေယံအောင် တို့အပြင် Gen Z Burma ရဲ့ Social Media Team အဖွဲ့ဝင် Alvin နဲ့ သပိတ်စည်းရုံးမှူး မချစ်စုမွန် တို့ဖြစ်ပါတယ်။
သူတို့အားလုံးဟာ အခု Free Burma Rangers ရဲ့ အကူအညီနဲ့ နယ်စပ်တနေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သူတို့ ဘယ်လိုပါဝင်လာခဲ့ကြသလဲဆိုတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ဆက်ထားပါတယ်။