ဒီချုပ်အမတ် အသုံးအနှုန်းကို တပ်မတော် ကန့်ကွက်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က လက်ရှိ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားတွေကိုယ်တိုင် နယ်ချဲ့ကို စတင်တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မတ်တပ်ရပ် ကန့်ကွက်ခဲ့စဉ် Photo: Thiha Tun/RFA

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က လက်ရှိ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားတွေကိုယ်တိုင် နယ်ချဲ့ကို စတင်တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က  ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေမှာ အာဏာရှင် စနစ်ကလာတဲ့ နိုင်ငံရေး ကျွမ်းဝင်မှုတွေကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုဖြစ်အောင် ကြိုးစားပြောင်းလဲကြရကြောင်း၊ တောင်သူလယ်သမား မိသားစုတွေမှာရှိတဲ့ နိုင်ငံရေး ကျွမ်းဝင်မှုတွေကို သိသိသာသာပြောင်းလဲသွားနိုင်ဖို့ ရည်ရွယ်မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်တပ်ရပ် ကန့်ကွက်ခဲ့တာပါ။



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က - အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ကာလ ဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အသုံးအနှုန်းတွေကို သုံးသပ်ဆင်ခြင်ကြဖို့ သတိပေးခဲ့ပါတယ်။

တပ်ကိုယ်စားလှယ်က လွှတ်တော်မှတ်တမ်းထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့အချက်ကိုတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တစ်စုံတစ်ရာ ဆုံးဖြတ်ပေးခဲ့တာမရှိပါဘူး။

လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို အသုံးအနှုန်း ဆင်ခြင်ဖို့ တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ပတ်သက်တာတွေကို ဝေဖန်တဲ့အခါတိုင်း အမျိုးသားရင်ကြားစေ့ရေးကို အကြောင်းပြပြီး တားမြစ်နေမယ်ဆိုရင် ကလေးဆိုးကြီးကို အလိုလိုက်နေရသလို ဖြစ်နေတယ်လို့  ရခိုင်ပြည်နယ် မြေပုံမြို့နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။

လွှတ်တော်တွင်းမှာ တပ်မတော်နဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းတွေ၊ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ စကားလုံးအသုံးအနှုန်းတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တာ၊ လွှတ်တော်မှတ်တမ်းတွေထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုတာတွေ တခါတရံ ရှိပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org