အစိုးရသစ်က လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးဖို့ မျှော်လင့်
စိုးသိမ်း
2020.11.30
2020.11.30
ဧရာဝတီတိုင်းအတွင်းမှာ လူငယ်တွေ အလုပ်အကိုင်ရှားပါးနေပြီး ဒီလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့ ဧရာဝတီတိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။ ဧရာဝတီတိုင်း လူငယ့်ရေးရာကော်မတီက အခုအသစ်တက်လာမယ့် အစိုးရအနေနဲ့ ၏တိုင်းထဲက လူငယ်တွေကို အလုပ်အကိုင် ဖော်ဆောင်ပေးဖို့ နဲ့ လူငယ်တွေကို အလုပ်အကိုင် ဖန်တီးပေးနိုင်အောင် ဘတ်ဂျတ်ချထားပေးဖို့ မျှော်လင့်နေပါတယ်။
ကော်မတီအတွင်းရေးမှူး ကိုမျိုးသူရကိုကိုက စိုက်ပျိုးမြေများတဲ့ ဧရာဝတီတိုင်းက လူငယ်တွေ လယ်ယာလုပ်ငန်းမှာ ပျော်မွေ့လာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးစေချင်တယ်လို့ ပြောပါတယ်။
“ တိုင်းအစိုးရအနေနဲ့ လူငယ်တွေ လယ်ယာလုပ်ငန်းမှာ ပါဝင်ဖို့ကို မြေပိုင်ဆိုင်ခွင့်အတွက် လယ်ယာမြေနဲ့ ပတ်သက်လို့ အာမခံချက်ရှိဖို့ လိုအပ်တယ်။ အလုပ်အကိုင်ဖန်တီးပေးတဲ့ နေရာမှာ လူငယ်တွေ လယ်ယာလုပ်ငန်းမှာ ပါလာဖို့ စျေးကွက်ကို ပီပီပြင်ပြင်ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ဆိုရင် စပါးတွေက ပေါ်လာပြီ စျေးကွက်ကို မထိန်းချုပ်နိုင်လို့ မိဘတွေရော၊ သားသမီးတွေရော၊ ဝင်ငွေတွေက မလောက်တော့ဘူး။ လယ်သမားတွေ ပိုက်ဆံမလောက်တဲ့ အခါကျတော့ သားသမီးတွေက နိုင်ငံခြားကို ထွက်ရတယ်။ လယ်ယာကနေ ပိုက်ဆံရဖို့ အတွက် အစိုးရအနေနဲ့ ဆန်စပါးစျေးကွက်ကို ထိန်းချုပ်ပေးနိုင်ဖို့ လိုအပ်တယ်"
မြေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု အထောက်အထား အာမခံချက်တွေမရှိလို့ မြေသိမ်းခံရတာတွေ၊ စီမံကိန်းတွေကို လျော်ကြေးအနည်းငယ်နဲ့ ဖယ်ပေးရတာတွေကြောင့် ဧရာဝတီတိုင်းမှာ လယ်မဲ့ တောင်သူတွေ များလာနေပြီး လူငယ်တွေက ဒေသတွင်း အလုပ်အကိုင် ရှားပါးနေတာလို့လည်း ကိုမျိုးသူရကိုကို ကပြောပါတယ်။ လူငယ်တွေ အလုပ်အကိုင်ရှားပါးမှု ပြဿနာ ရင်ဆိုင်နေရတာကို ၂၀၁၈ ခုနှစ် ကတည်းက စစ်တမ်းတွေကောက်၊ ဖိုရမ်တွေ၊ ဆွေးနွေးပွဲတွေကနေ ရရှိတဲ့အချက်အလက်တွေအရ သိရှိရတာလို့လည်း ကိုမျိုးသူရကိုကို ကပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင် ဧရာဝတီတိုင်းရဲ့ လူဦးရေစုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းက လူငယ်တွေ ဖြစ်ပြီး အခု ခြောက်နှစ်ကြာပြီးတဲ့ နောက်ပိုင်းမှာ လူငယ် ပါဝင်မှုက ၄၇ ရာခိုင်နှုန်း ရှိမယ်လို့ တိုင်းလူငယ့်ရေးရာကော်မတီကနေ ခန့်မှန်းထားပါတယ်။
နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ လူငယ်ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျတ်တွေ ချထားပေးဖို့လည်း လိုအပ်တယ်လို့လဲ ကိုမျိုးသူရကိုကို က ပြောပါတယ်။
“ ပြီးခဲ့တဲ့ ၂၀၁၅ - ၂၀၂၀ အစိုးရလက်ထက်မှာတော့ လူငယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘတ်ဂျက်တွေ ချထားပေးခဲ့ခြင်း မရှိခဲ့ဘူး ။ နောက်ပြီးတော့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ခဲ့တဲ့ လူငယ်စင်တာအတွက် မြေနေရာချထားပေးခဲ့ရုံက လွဲလို့ ကျန်တာ ဘာမှ ဖြစ်မလာခဲ့ဘူး။ ကျနော်တို့ လူငယ့်ရေးရာကော်မတီအနေနဲ့ ကတော့ ဘတ်ဂျတ်ချထားပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရ ကို မျှော်လင့်တယ်"
လူငယ်တွေအတွက် ဘတ်ဂျတ်ချထားပေးဖို့အတွက်ကို ၂၀၁၇ ခုနှစ် လူငယ့်ရေးရာမူဝါဒမှာ ပြဌာန်းထားပြီးဖြစ်သလို ၂၀၂၀ ခုနှစ် လူငယ့်ရေးရာမူဝါဒကို အကောင်အထည်ဖော်မယ့် အမျိုးသားအဆင့် မဟာဗျူဟာမှာလည်း ပြဌာန်းပါဝင်ပြီးသားဖြစ်တယ်လို့ ကိုမျိုးသူရကိုကို က ပြောပါတယ်။
အခုရွေးကောက်ပွဲမှာ ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ ဧရာဝတီတိုင်း NLD ပါတီ ရဲ့ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ ကို မျိုးသက်ဦးက လူငယ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“လက်ရှိအခြေအနေမှာတော့ လူငယ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေတော့ သေသေချာချာ တိတိကျကျ မရှိသေးဘူး။ အဲ့ဒီလို လူငယ်တွေနဲ့ ဆက်စပ်တဲ့ဟာတွေ၊ ဥပမာ ပြောချင်တာ လယ်ယာမြေဥပဒေဆိုရင်လည်း လူငယ်တွေနဲ့ ပတ်သက်တဲ့ဟာ လယ်သမားလူငယ်တွေ ရှိတယ်။ အလုပ်သမားဆိုရင်လည်း အလုပ်သမားလူငယ်တွေနဲ့ ဆက်စပ်မယ်။ လူငယ်အလုပ်သမားပိုင်းဆိုင်ရာ ကိစ္စတွေ ရှိမယ်။ ဒီအပေါ်တွေမှာ ဘယ်လို ဥပဒေပိုင်းဆိုင်ရာအရ ဒီဥပဒေတွေကို တိုင်းဒေသကြီး အဆင့်မှာဆိုရင် အသစ်ပြဌာန်းလို့ရမယ့် ဥပဒေမျိုး ရှိရင်လည်း ပေါ်ပေါက်လာအောင် ကြိုးစားဖို့ ပြင်မှာပါ။”
ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရမယ့် လူငယ်နဲ့ဆိုင်တဲ့ ကိစ္စတွေရှိရင်လည်း ဆက်နွယ်တဲ့ လူငယ်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းကာ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ ကိုမျိုးသက်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂ နေရာကို NLD က အားလုံးအနိုင်ရတဲ့အတွက် တိုင်းဒေသကြီးထဲက လူငယ်ရေးရာကိစ္စတွေကို ဆောင်ရွက်ပေးဖို့ လူငယ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။