ဗိုင်းရပ်စ်ကြောင့် တခြားကဏ္ဍတွေထိခိုက်ပေမယ့် မူးယစ်လုပ်ငန်းမထိခိုက်
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေရှိနေပေမဲ့ - မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ တော့ အားကောင်းနေဆဲပဲလို့ UNODC က ပြောလိုက်ပါတယ်။
-
နန္ဒာချမ်း
2020-05-15 -
-
-
drug-622.jpg
မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကဏ္ဍမျိုးစုံ မှာ အကြီးအကျယ် ထိခိုက်မှုတွေ ရှိနေပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကတော့ ကြီးကြီးမားမား ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာရော၊ ကပ်ဘေးလွန် ကာလမှာရော မူးယစ်ဆေးဝါး မှောင်ခိုမှုပုံစံတွေနဲ့ လမ်းကြောင်းတွေ ပြောင်းလဲမယ့် အလားအလာတွေ ရှိနေတယ်လို့ လည်း (UNODC) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ပြောဆိုထားတာပါ။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကာလ UNODC ရဲ့ အဓိက စိုးရိမ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ကိုထွန်းနေစိုးက -
“အခုချိန်မှာ Covid-19 နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာမှာရှိတဲ့အစိုးရတွေကပေါ့နော် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်စောင့်ရှောက်ကုသဖို့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ် ဖို့ ဒါတွေကို အဓိကထား လုပ်ဆောင်နေရတယ်။ အဲဒီလိုလုပ်ဆောင်မှုတွေမှာ ယခင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွေ၊ ကုသရေးတွေ ဒီလိုနေရာတွေအတွက် သတ်မှတ်ထားတဲ့ လူအင်အား အရင်းအမြစ်တွေကိုလည်း ဒီဘက်တွေမှာ လွှဲပြောင်းပြီး အသုံးချရတဲ့ အနေအထားနဲ့ တချို့နိုင်ငံတွေ က သွားနေရတယ်။ တချို့နိုင်ငံတွေမှာ Covid-19 နဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေကို ဦးစားပေး လုပ် ဆောင်ရတဲ့အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ကာကွယ်ကုသရေးတွေမှာ အရှိန်လျော့ ကျလာတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒီဟာတွေက စိုးရိမ်စရာတခုပါ။ နှစ်ပေါင်းများစွာပေ့ါနော် နိုင်ငံတကာမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကုသရေး ဒီလိုအရာတွေကို လုပ်လာခဲ့ပြီး၊ ဒါတွေ က အခု Covid-19 ကြောင့်မို့ အရှိန် လုံးဝ လျော့ကျသွားမှာ၊ အရှိန်သေသွားမှာ ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ UNODC က အများကြီး စိုးရိမ်ပါတယ်။”
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေချိန်ကာလမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖြန့်ဖြူးမှုနဲ့ ၀ယ်ယူသုံးစွဲမှု အခြေအနေအပေါ် အချက်အလက်တွေ စုဆောင်းနိုင်ဖို့ရာ အခက်အခဲ ရှိပေမဲ့ - မူးယစ် ဆေးဝါးထုတ်လုပ်မှုတွေက ရွှေတြိဂံဒေသမှာ လျော့ကျမသွားဘူးလို့ UNODC က ပြောပါတယ်။
“မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ အဓိကကျတဲ့ အစပျိုး ဓာတုဗေဒပစ္စည်းတွေက အခြားဒေသတွေကို Covid-19 ကာလ အသွားအလာကန့်သတ်မှုတွေကြောင့် မရောက်နိုင်ဘူး။ အထူးသဖြင့် ပင်လယ် ဘက်ကနေ သယ်ဆောင်ရတာမျိုးဆိုရင် သူတို့ မရနိုင်ဘူး။ အဲ့လိုမရနိုင်တဲ့အတွက် ဒီဒေသတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုက ပြဿနာရှိလာတာတွေ့ရတယ်။ ဒါပေမဲ့ ဒီလို ပြဿနာတွေက ရွှေတြိဂံ ဒေသမှာကျ မတွေ့ရဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ကနေ ဓာတုပစ္စည်းတွေကို သယ်ဖို့ဆို တာ သင်္ဘောမလိုဘူး။ ကုန်းလမ်းကနေပဲ လာတာဖြစ်တယ်။ နောက်တခုက ပြီးခဲ့တဲ့ ၄ လအတွင်းမှာ အထူးသဖြင့် ပြီးခဲ့တဲ့အပတ်မှာတောင် ကျနော်တို့ ဘာတွေ့ထားလဲဆိုရင် အစပျိုး ဓာတုပစ္စည်းတွေ အများကြီးမိတာ တွေ့ရတယ်။ အဲ့လို တွေ့ရတဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ ရွှေတြိဂံ ဒေသဟာ သိသိသာသာ အပြောင်းအလဲ မရှိနိုင်ဘူး။”
ကမ္ဘာမှာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါ၀င်ပတ်သက်နေမှုနဲ့ ထိရောက်တဲ့ နှိမ်နင်းမှုတွေ မလုပ်နိုင်တဲ့အပေါ်မှာလည်း UNODC က ထောက်ပြခဲ့ပါတယ်။
“ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ရိက္ခာဝယ်ယူစုဆောင်းဖို့ဆိုတာ ၀င်ငွေ လိုအပ်ပါ တယ်။ အဲတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူဖြန့်ဖြူးမှုများအပါအဝင် တခြား တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပါ၀င်ကြတဲ့ လက်နက်ကိုင်အဖွဲ့ တွေ တော်တော်များများရှိတယ်။ သူတို့ကို နောက်ကနေ ကျားကန်ပေးထားတဲ့ ပြည်တွင်းပြည်ပ မူးယစ်ရာဇာတွေ ရှိနေတယ်။ ဘယ်သူတွေ အကျိုးအမြတ်ရှိနေလဲဆိုရင်တော့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်တွင်းပြည်ပက မူးယစ်ရာဇာတွေလို့ပဲ ပွင့်ပွင့်လင်းလင်း ဖြေချင်ပါတယ်။ ဒီလို မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့နေရာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ ကြီးစိုးတဲ့ နယ်မြေဒေသတွေ ဒီလိုဒေသတွေမှာ ရဲတပ်ဖွဲ့အနေနဲ့ လက်လှမ်းမမီဘူး။ ဒီဟာတွေကို လက်လှမ်းမီဖို့ဆိုတာက တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အများကြီး လိုအပ်တယ်ပေ့ါ”
ကပ်ဘေးလွန်ကာလမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ဆက်လက် အားကောင်းနေဦးမှာ ဖြစ်သလို၊ မှောင်ခိုလမ်းကြောင်းတွေနဲ့ သယ်ယူပို့ဆောင်တဲ့ ပုံစံတွေမှာ အပြောင်း အလဲတွေ ဖြစ်လာ နိုင်တယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။