မြန်မာနဲ့ တရုတ်ချေးငွေအန္တရာယ်

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားက ငွေချေးရာမှာ အတိုးနှုန်းမြင့်မားတဲ့ တရုတ်နိုင်ငံက ချေးငွေမျိုးကို သတိထားဖို့လိုတယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရချေးငွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

china-622.jpg

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားက ငွေချေးရာမှာ အတိုးနှုန်းမြင့်မားတဲ့ တရုတ်နိုင်ငံက ချေးငွေမျိုးကို သတိထားဖို့လိုတယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားချေးငွေ ၁ဝ ဘီလီယံရှိတဲ့အနက် ၄ ဘီလီယံခန့်က တရုတ်ချေးငွေဖြစ်ပါတယ်။ အဲဒီ တရုတ်ချေးငွေအများစုဟာ ယခင်အစိုးရလက်ထက်က ချေးယူခဲ့တဲ့ငွေတွေဖြစ်ပြီး အဲဒီကာလမှာ အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့အတွက် မလွဲမရှောင်သာ တရုတ်နိုင်ငံက ချေးယူရခဲ့တယ်လို့လည်း ဆိုပါတယ်။  ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါ်ခင်စန်းလှိုင်က လက်ရှိအစိုးရလက်ထက်ချေးငွေတွေက ၁ ရာခိုင်နှုန်းထက်နည်းပြီး တရုတ်နိုင်ငံက ချေးယူခဲ့တဲ့ငွေတွေထဲမှာ ၄.၅ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဆိုပါတယ်။

တောင်သူလယ်သမားအရေးလှုပ်ရှားသူ ဦးဇော်ရန်း ကတော့ တရုတ်အစိုးရချေးငွေကြောင့် ဒုက္ခဆင်းရဲရောက်ခဲ့ရတဲ့ နိုင်ငံတွေအများကြီးရှိတဲ့အတွက် သတိထားဖို့လိုတာ အမှန်ပဲလို့ ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေထံက ချေးငွေတွေ ရယူဖို့လိုတာမှန်ပေမယ့် လုပ်ငန်းတွေ အောင်မြင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာပြည်အတွက် နိုင်ငံခြားချေးငွေတွေရရှိရေးနဲ့ အကျိုးရှိစွာသုံးစွဲရေးဟာ ဒင်္ဂါးပြားတခုရဲ့ ကျောဘက်နဲ့ ရင်ဘက်လို ဒွန်တွဲနေကြောင်း တင်ပြလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org