စစ်ဘေးနဲ့ ကပ်ဘေးအန္တရာယ်တွေကို ချင်းပြည်နယ် ဘယ်လိုကျော်လွှားနေသလဲ
2020.06.18
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "စစ်ဘေးနဲ့ ကပ်ဘေးအန္တရာယ်တွေကို ချင်းပြည်နယ် ဘယ်လိုကျော်လွှားနေ သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ လူသားချင်းဖြစ်နေတဲ့ စစ်ပွဲနဲ့၊ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်ဒေသမှာ လူသားနဲ့ ဗိုင်းရပ်စ်အကြားစစ်ပွဲကို ဒေသခံ ချင်းတိုင်းရင်းသားတွေ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တီးတိန်-တွန်းဇံဒေသ အမှတ် (၇)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပလက်ဝဒေသ အမှတ် (၁၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ချင်းပြည်နယ်က "စစ်ဘေးနဲ့ ကပ်ဘေးအန္တရာယ်တွေ" အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။